ရခိုင်ပြည်နယ်

တောင်ကုတ်မြို့၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ ကျောင်းသား၊ကျောင်းသူလူငယ်များ အသိပညာမြင့်မားရေးအတွက် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ယမန်နေ့နေ့လယ် (၁၂)နာရီအချိန်က အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) ကိုင်းရှည်၌ ကျင်းပပြုလုပ်သည်။

တောင်ပြိုလက်ဝဲမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ရွေ့လျားစာကြည့်တိုက် Mobile Library ဖြင့် စာအုပ်၊ စာစောင်များ အခမဲ့ငှားရမ်းပေး

တောင်ပြိုလက်ဝဲမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးဝန်ထမ်းများက ယမန်နေ့နေ့လယ် ၁ နာရီအချိန်က ရွေ့လျားစာကြည့်တိုက် Mobile Library ဖြင့် တောင်ပြိုလက်ဝဲမြို့ အခြေခံပညာကျောင်းများသို့ သွားရောက်၍ စာအုပ်၊စာစောင်များအား အခမဲ့ငှားရမ်းပေးခဲ့သည်။

ပေါက်တောမြို့နယ် ဂြစ်ချောင်းကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်း လုပ်ငန်းဆောက်ရွက်ပြီးစီး

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(VDP)ဖြင့် ဆောင်ရွက်သည့် ဂြစ်ချောင်းကျေးရွာတွင်းလမ်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအား မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသန်းထွန်းနှင့်တာဝန်ရှိသူများ ယမန်နေ့နံနက်ပိုင်းတွင် သွားရောက်ကွင်းဆင်းကြည့်ရှုစစ်ဆေးကြသည်။

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့၌ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ကြီးမှူး၍ မိုခါမုန်တိုင်းသင့်ဒေသများရှိ ပြည်သူများအားငွေသားနှင့်‌ သောက်ရေသန့်များထောက်ပံ့ပေးအပ်

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ်တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ မိုခါမုန်တိုင်းသင့်ဒေသများအား ကူညီထောက်ပံခြင်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့နေ့လယ် ၁၂ နာရီအချိန်က စေတီယင်္ဂဏဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် အကျိုးခံစားခွင့်ရှိသူများအား ငွေသားထောက်ပံ့ပေးခြင်း အစီစဥ်ကိုပြုလုပ်ကျင်းပရာ ရသေ့တောင်မြို့နယ် ကြက်ခြေနီ အသင်းမှ အသင်းဝင်များနှင့် စေတနာရှင်လူငယ်(၃၀)ဦးခန့်က ပါဝင်အင်အားဖြည့် လုပ်အားပေးခဲ့ကြသည်။

ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ မိုခါဆိုင်ကလုန်းမုန်တိုင်းဒဏ်သင့်ခဲ့သည့် ပြည်သူများအား ဆန်ရိက္ခာနှင့် စားသောက်ဖွယ်ရာများထောက်ပံ့ပေး

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) ဒဏ်သင့်ခဲ့သည့် ကျေးရွာအုပ်စု (၁၂) ခုမှပြည်သူများအတွက် နိုင်ငံတော်အစိုးရထံက ထောက်ပံ့ပေးအပ်သည့် ဆန်ရိက္ခာနှင့်စားသောက်ဖွယ်ရာများကို ယမန်နေ့က ပုဏ္ဏားကျွန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကယ်ဆယ်ရေးပစ္စည်းများ သိုလှောင်ရုံဂိုဒေါင်၌ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများထံ ပေးအပ်ခဲ့သည်။

မြောက်ဦးခရိုင် အ.ထ.က(ခွဲ) (အ.လ.က-၁) ကျောင်း၌ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲပြုလုပ်

ရခိုင်ပြည်နယ် မြောက်ဦးမြို့၌ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှဦးစီးသည့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၁ နာရီက ပြင်ဈေးရပ်ကွက် အ.ထ.က(ခွဲ) (အ.လ.က-၁) ကျောင်း၌ ကျင်းပပြုလုပ်သည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း အထူးနေ့လယ်စာတည်ခင်းဧည့်ခံပွဲတက်ရောက်

ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ ခိုင်သဇင် ခန်းမ၌ ပြုလုပ်သော ရဲတပ်ဖွဲ့ဝင်များ၊ တိုင်းရင်းသား၊ တိုင်းရင်းသူများနှင့် အထူးနေ့လယ်စာ တည်ခင်းဧည့်ခံပွဲ သို့တက်ရောက်ကြသည်။

ပေါက်တောမြို့နယ် သဝင်ချောင်းကျေးရွာရှိ ဒေသခံပြည်သူများအား စားအုံးဆီများကို ပြင်ပဈေးနှုန်းထက် သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေး

မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ ဦးစီး၍ ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်သဝင်ချောင်းကျေးရွာရှိ ဒေသခံပြည်သူများအား စားအုံးဆီများကို ပြင်ပဈေးနှုန်းထက် သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက်သဝင်ချောင်းကျေးရွာတွင် ယမန်နေ့နံနက်ပိုင်းတွင်  ရောင်းချပေးသည်။

တောင်ကုတ်မြို့၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ

ရခိုင်ပြည်နယ်၊တောင်ကုတ်မြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ ကျောင်းသား၊ ကျောင်းသူလူငယ်များ အသိပညာမြင့်မားရေးအတွက် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယနေ့နေ့လယ်(၁၂)နာရီအချိန်က အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) ကိုင်းရှည်၌ ကျင်းပပြုလုပ်ခဲ့သည်။

မြောက်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်ပြပွဲပြုလုပ်

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့နေ့လယ် ၁ နာရီအချိန်က ကလေးအလုပ်သမား ပပျောက်ရေးအသိပညာပေး နံရံကပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to ရခိုင်ပြည်နယ်