ရခိုင်ပြည်နယ်

ကျောက်ဖြူမြို့ပေါ်ရပ်ကွက်ရှိ ဈေးများ၌ မီးဘေးအန္တရာယ်မကျရောက်‌စေရေး မီးဘေးလုံခြုံရေးကွင်းဆင်းစစ်ဆေး

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ မီးဘေးအန္တရာယ်မကျရောက်စေရန်နှင့် ကြိုတင်ကာကွယ်မှုများပြုလုပ်နိုင်ရန်အတွက် ယနေ့နံနက်ပိုင်းက ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် မီးသတ်တပ်ဖွဲ့ဝင်များသည် ကျောက်ဖြူမြို့ပေါ်ရပ်ကွက်များရှိ ဈေးများသို့သွားရောက်ကာ မီးဘေးလုံခြုံရေးကွင်းဆင်း စစ်ဆေးသည်။

ကျောက်ဖြူမြို့၌ လူမှုသဟဇာတနှင့် လူမှုပေါင်းစည်းရေးဆိုင်ရာ(ဆင့်ပွား)သင်တန်းဖွင့်လှစ်

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ကျောက်ဖြူမြို့၌ လူမှုဝန်ထမ်းဦးစီးဌာနမှဖွင့်လှစ်သည့် လူမှုသဟဇာတနှင့် လူမှုပေါင်းစည်းရေးဆိုင်ရာ (ဆင့်ပွား)သင်တန်းကို ယနေ့နံနက်ပိုင်းက ဂုံးချွိန်ကျေးရွာ အုပ်စုရှိ အေးမြသာယာ ကျေးရွာခန်းမတွင် ကျင်းပပြုလုပ်ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ပြည်နယ်လူမှုဝန်ထမ်းရုံးမှ ညွှန်ကြားရေးမှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ခရိုင်/မြို့နယ်ရုံးဝန်ထမ်းများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။

သံတွဲမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် ဝန်ဆောင်မှုပေး

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ စာဖတ်ရှိန်မြင့်မားလာပြီး စာအုပ်စာပေကောင်းများကို လေ့လာရှာမှီးတတ်စေရန် ရည်ရွယ်၍ ရွေ့လျားစာကြည့်တိုက်စနစ် Mobile မော်တော်ယာဉ်ဖြင့် ကျောင်းများ၊ ကျေးရွာများ၊ ဌာနဆိုင်ရာများ အရောက်စာအုပ်များငှားရမ်း ဝန်ဆောင်မှုပေးခြင်းကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိသည်။

အမ်းမြို့နယ် အမ်းမြောက်အုပ်စု ဒိုင်ကြီးကျေးရွာ၌ အသိပညာပေးဟောပြောပွဲကျင်းပ

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ် အမ်းမြောက်အုပ်စု ဒိုင်ကြီးကျေးရွာဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ခရိုင်ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့မှဦးဆောင်၍ မြို့နယ်ရဲတပ်ဖွဲ့၊ ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာတို့ ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီအချိန်က ဒိုင်ကြီးကျေးရွာဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ကျင်းပခဲ့သည်။

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ နယ်လှည့်ဆေးကုသရေးအဖွဲ့ အမ်းမြို့နယ် တပ်တောင်မြို့၌ ဒေသခံ တိုင်းရင်းသားပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်၊ တပ်တောင်မြို့နှင့်ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံပြည်သူများအား အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး၏ဦးဆောင်မှုဖြင့် ဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီးဝဏ္ဏအောင်နှင့် အမှတ်(၂)တပ်မတော်စစ်ဆေးရုံ ကုတင်(၃၀၀)မှ နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများပါဝင်သော ဆေးကုသရေးအဖွဲ့က ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ယမန်နေ့နံနက်ပိုင်းက တပ်တောင်မြို့အမှတ် (၃)ရပ်ကွက် သာသနာ့ဝေပုလ္လာရာမကျောင်းတိုက်ဓမ္မာရုံ၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

ရခိုင်ပြည်နယ် မောင်တောမြို့၌  ဝိမလရပ်ကွက်နေပြည်သူများသို့ စားသုံးဆီ တစ်ပိဿာလျှင် ၅၂၀၀ ကျပ်နှုန်းဖြင့် ရောင်းချပေး

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ မြန်မာနိုင်ငံဆီကုန်သည် နှင့် ဆီလုပ်ငန်းရှင်များအသင်း အစီအစဉ်ဖြင့် ရခိုင်ပြည်နယ်ဆီကုန်သည် နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ စားသုံးသူပြည်သူများသို့ ယမန်နေ့ ညနေ ၄ နာရီ အချိန် မြို့မအနောက်ရပ်ကွက်၊ ဝိမလရပ်ကွက်နေပြည်သူများသို့ စားသုံးဆီများ ရောင်းချပေးခဲ့ရာ ဌာနဆိုင်ရာတာဝန်ရှိသူများက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြသည်။

မာန်အောင်မြို့နယ်တွင် ကျေးလက်နေပြည်သူများအား တိုင်းရင်းဆေးဖြင့်(အခမဲ့)ကွင်းဆင်း ဆေးကုသပေး

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် တိုင်းရင်းဆေးဖြင့် ကျေးလက်နေပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု ပေးလျက်ရှိရာ ယနေ့မွန်လွဲ ၁ နာရီက ကုန်းခင်ကျေးရွာအုပ်စု၊ ကုန်းခင်ကျေးရွာ အ-မ-က ကျောင်းတွင် အခြေပြုလျက် ကျေးလက်နေပြည်သူများအား (အခမဲ့)ဆေးကုသပေးခဲ့သည်။

တိုင်းဒေသကြီးနှင့်ပြည်နယ် ဘော်လီဘောအားကစားပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်နိုင်ရေး ရခိုင်ပြည်နယ်ကိုယ်စားပြု ဘော်လီဘောအားကစားသမားများအား စခန်းသွင်းလေ့ကျင့်

နေပြည်တော်၌ ကျင်းပပြုလုပ်မည့် ၂၀၂၃ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် ဘော်လီဘောအားကစားပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် ရခိုင်ပြည်နယ်ကိုယ်စားပြု ဘော်လီဘောအားကစားသမားများအား အမ်းမြို့နယ်၊ အားကစားနှင့်ကာယပညာဦးစီးဌာန မြို့မမိုးလုံလေလုံအားကစားခန်းမတွင် စခန်းသွင်းလေ့ကျင့်သင်ကြားပေးလျက်ရှိသည်။

ရခိုင်ပြည်နယ် မောင်တောမြို့၌ ဝိမလရပ်ကွက်နေပြည်သူများသို့ စားသုံးဆီ တစ်ပိဿာလျှင် ၅၂၀၀ ကျပ်နှုန်းဖြင့် ရောင်းချပေး

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း အစီအစဉ်ဖြင့် ရခိုင်ပြည်နယ် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ စားသုံးသူပြည်သူများသို့ ယမန်နေ့ညနေ ၄ နာရီ အချိန် မြို့မအနောက်ရပ်ကွက်၊ ဝိမလရပ်ကွက်နေ ပြည်သူများသို့ စားသုံးဆီများ ရောင်းချပေးခဲ့ရာ ဌာနဆိုင်ရာ တာဝန်ရှိသူများက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြသည်။

ရခိုင်ပြည်နယ် မောင်တောမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ် အသိပညာပေးနှိုးဆော်ခြင်းများဆောင်ရွက်

ရခိုင်ပြည်နယ် မောင်တောမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ် အသိပညာပေးနှိုးဆော်ခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များက ယမန်နေ့ညနေ ၄ နာရီအချိန်ခန့် မြို့ပေါ်ရပ်ကွက်များအတွင်း လိုက်လံနှိုးဆော်ခဲ့ကြသည်။
Subscribe to ရခိုင်ပြည်နယ်