ရခိုင်ပြည်နယ်

ကျောက်ဖြူမြို့၌ မြို့နယ်ပညာရေးမှူးဖလား အခြေခံပညာကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲ ကွာတားဖိုင်နယ်အဆင့်ပြိုင်ပွဲများ အကြိတ်အနယ်ယှဉ်ပြိုင် 

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်ပညာရေးမှူးဖလား၊ အခြေခံပညာကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲ ကွာတားဖိုင်နယ်အဆင့်ပြိုင်ပွဲများကို ယမန်နေ့ မွန်းလွဲပိုင်းက အစိုးရရပ်ကွက်ရှိ မြို့မအားကစားဘောလုံးကွင်းကြီးတွင် ကျင်းပပြုလုပ်ရာ ခရိုင်ပညာရေးမှူး နှင့် ပညာရေးဌာနမှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဘောလုံးပွဲဝါသနာရှင် ပြည်သူများမှ တစ်ခဲနက်လာ‌ရောက်ကြည့်ရှုအားပေးကြသည်။

ပေါက်တောမြို့နယ် ကြိမ်နီပြင် IDP စခန်း၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိပညာပေးခြင်းများဆောင်ရွက်

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ် ကြိမ်နီပြင် IDP စခန်း၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ ယမန်နေ့ နေ့လယ်ပိုင်းက မြေပြင်ကွင်းဆင်း၍ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဘူးသီးတောင်မြို့နယ်အတွင်းရှိ ယာယီခိုလှုံရာစခန်းများ၌ မီးဘေးကြိုတင်ကာကွယ်ရေး စစ်ဆေးအကြံပြုခြင်းများ ကွင်းဆင်းဆောင်ရွက်

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့်တပ်ဖွဲ့ဝင်များက ယမန်နေ့ ညနေပိုင်းက မြို့နယ်အတွင်းရှိ ယာယီခိုလှုံရာစခန်းများ၌ မီးဘေးကြိုတင် ကာကွယ်ရေးစစ်ဆေးအကြံပြုခြင်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

အမ်းမြို့၌ အသက်(၈၅)နှစ်နှင့်အထက်ဘိုးဘွားများအား လူမှုရေးပင်စင်များ ထောက်ပံ့ပေးအပ်

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်ရပ်ကွက် ကျေးရွာအုပ်စုများ၌ အသက် (၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများသို့ လူမှုရေးပင်စင် ထောက်ပံ့ငွေများကို ရပ်ကွက် ကျေးရွာအုပ်စုအလိုက်ကျေး ရွာ တာဝန်ရှိသူများက ယမန်နေ့နံနက်ကစပြီး အိမ်တိုင်ရာရောက်သွားရောက် ပေးအပ်လျက်ရှိသည်။

ရသေ့တောင်မြို့နယ်အတွင်းရှိ ယာယီခိုလှုံရာစခန်းများ၌ ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည် နေရာချထားရေး လက်ကမ်းစာစောင်များအခမဲ့ဖြန့်ဝေ

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ်အတွင်းရှိ ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေး အသိပညာပေး လက်ကမ်းစာစောင်များကို ယမန်နေ့နံနက် ၁၁ နာရီအချိန်က ရသေ့တောင်မြို့၊ တောင်ရင်းတန်းရပ်ကွက်၊ စေတီတောင်အရှေ့ ယာယီခိုလှုံရာစခန်းသို့ သွားရောက်ပြီး အသိပညာပေးလက်ကမ်းစာစောင်များအား အခမဲ့ဖြန့်ဝေခဲ့ကြောင်း  သိရသည်။

ကျိန္တလီမြို့၌ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေများပေးအပ်

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့တွင်  မြို့ပေါ်ရပ်ကွက်(၃)ရပ်ကွက်အတွင်းရှိ အသက် (၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေများကို ယမန်နေ့ နေ့လယ်ပိုင်းက အိမ်တိုင်ရာရောက်သွားရောက်ပေးအပ်ခဲ့ကြသည်။

လားရှိုးမြို့တွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဖလား ကလပ်ပေါင်းစုံ (အမျိုးသား/အမျိုးသမီး) ဖိတ်ခေါ်ဘတ်စကက်ဘောပြိုင်ပွဲ ကျင်းပမည်

ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့မှ ကြီးမှူးကျင်းပမည့် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဖလား ကလပ်ပေါင်းစုံ (အမျိုးသား/အမျိုးသမီး) ဖိတ်ခေါ်ဘတ်စကက် ဘောပြိုင်ပွဲကို ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ညောင်ရွှေမြို့၌ သစ်ဆွေးမြေဘက်စုံ မီးကာကွယ်ရေးစီမံချက်သင်တန်း ဖွင့်လှစ်

မီးခိုးမြူငွေ့ကင်းစင်သော ထာဝစဉ်တည်တံ့စေသည့် လယ်ယာမြေစီမံအုပ်ချုပ်မှု မြှင့်တင်စေရန် ရည်ရွယ်ချက်ဖြင့် ရှမ်းပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် သစ်တောသယံဇာတနှင့် ပတ်ဝန်းကျင်ဖွံ့ဖြိုးတိုးတက်ရေးအသင်း (FREDA) တို့ ပူးပေါင်းဆောင်ရွက်သည့် သစ်ဆွေးမြေဘက်စုံ မီးကာကွယ်ရေး စီမံချက်သင်တန်းဖွင့်ပွဲကို ယနေ့ နံနက်(၉)နာရီခွဲက ရှမ်းပြည်နယ် ညောင်ရွှေမြို့ Grand Inle Hotel ခန်းမ၌ ပြုလုပ်ခဲ့သည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက် ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ်အခမ်းအနားတက်ရောက်၊ စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိများနှင့်တွေ့ဆုံ

အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက် ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက စစ်တွေမြို့၊ ခိုင်သဇင်ခန်းမ၌ကျင်းပရာ ရခိုင်ပြည်နယ် သဘာဝ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

မာန်အောင်မြို့ မြို့မစည်ပင်သာယာဈေးရှိ စျေးဆိုင်ခန်းများတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး မီးသတ်ဆေးဘူးများ ထားရှိခြင်း ရှိ/မရှိစစ်ဆေး

ရခိုင်ပြည်နယ်၊ မာန်အောင်မြို့ မြို့မစည်ပင်သယာဈေးရှိ စျေးဆိုင်ခန်းများတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် မီးသတ်ဆေးဘူးများ ထားရှိခြင်း ရှိ/မရှိ ယမန်နေ့နံနက် ၁၀ နာရီခွဲက တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
Subscribe to ရခိုင်ပြည်နယ်