ရသေ့တောင်မြို့နယ်အတွင်းရှိ ယာယီခိုလှုံရာစခန်းများ၌ ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည် နေရာချထားရေး လက်ကမ်းစာစောင်များအခမဲ့ဖြန့်ဝေ

ရသေ့တောင်  အောက်တိုဘာ ၁၉

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ်အတွင်းရှိ ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေး အသိပညာပေး လက်ကမ်းစာစောင်များကို ယမန်နေ့နံနက် ၁၁ နာရီအချိန်က ရသေ့တောင်မြို့၊ တောင်ရင်းတန်းရပ်ကွက်၊ စေတီတောင်အရှေ့ ယာယီခိုလှုံရာစခန်းသို့ သွားရောက်ပြီး အသိပညာပေးလက်ကမ်းစာစောင်များအား အခမဲ့ဖြန့်ဝေခဲ့ကြောင်း  သိရသည်။

ထိုသို့ လက်ကမ်းစာစောင်များ ဖြန့်ဝေရာတွင် ရသေ့တောင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်သူဟိန်းနှင့်ဝန်ထမ်းများက  စေတီတောင်အရှေ့ယာယီခိုလှုံရာစခန်းများရှိ ပြည်သူများကို ယာယီနေရပ်စွန့်ခွာသူများ ဘေးကင်းလုံခြုံမှုရှိစေရန်၊ ဂုဏ်သိက္ခာရှိစွာနှင့် အမှီအခိုကင်းစွာဖြင့် မူလနေရပ်များသို့ ပြန်လည်အခြေချနေထိုင်နိုင်ရေးတွင် တရားဥပဒေစိုးမိုးရေး၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး စသည်တို့နှင့်အတူ အခြားသောတိုင်းနှင့်ပြည်နယ်များတွင်လည်း ယာယီခိုလှုံရာစခန်းများရှိ ပြည်သူများ မိမိနေထိုင်ရာ ကျေးရွာများသို့ ပြန်လည်ပို့ဆောင်ပေးနေပြီဖြစ်ကြောင်း စသည်တို့ကို ပြောကြားပြီး ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေး အသိပညာပေးလက်ကမ်းစာစောင်များအခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ထွန်းလင်းကျော်(ပြန်/ဆက်)