ကရင်ပြည်နယ်

ဘားအံမြို့၌ AML/CFT အသိပညာမြှင့်တင်ရေး သင်တန်းဖွင့်လှစ်

ကရင်ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်းနှင့် မြန်မာနိုင်ငံအိမ်ခြံမြေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအသင်းတို့ ပူးပေါင်းကြီးမှူးကျင်းပသည့် AML/CFT အသိပညာမြှင့်တင်ရေး သင်တန်းဖွင့်ပွဲကို ဇူလိုင်လ ၂၃ ရက်နေ့ နံနက် ၉ နာရီက ဘားအံမြို့၊ အမှတ် (၄) ရပ်ကွက်ရှိ တော်ဝင်ရတနာဟိုတယ်၌ ကျင်းပသည်။

လိပ်သိုဒေသတွင် ဒရင်ကောက်ရွက်များ လှိုင်လှိုင်ပေါ်ချိန် ချိုးယူရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေ ရရှိ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသသည် တောင်ကုန်းတောင်တန်း ထူထပ်ပေါများပြီး အေးမြစိုစွတ်သော တောင်ပေါ်ဒေသဖြစ်ခြင်းကြောင့် ကျေးရွာအများစုမှာ စိမ့်စမ်းရေများမှ ဖြစ်ပေါ်လာသော စမ်းချောင်းငယ်လေးများတွင် ဒရင်ကောက်ရွက်များ များပြားစွာ ပေါက်ရောက်လျက်ရှိနေကြောင်း သိရသည်။

မြဝတီမြို့နယ်တွင် မြစ်ရေကြီးခြင်း သတိပေးချက် လိုက်လံနှိုးဆော်

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေရာများ တွင်နေထိုင်ကြသည့် ပြည်သူများအား ကြိုတင်သတိပြုနိုင်ရန်နှင့် အချိန်မီရှောင်ရှားနိုင်ရန်အတွက် ယနေ့ နံနက် (၁၀:၀၀)နာရီ အချိန်က မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ မြစ်ရေကြီးခြင်း သတိပေးထုတ်ပြန်ချက်အား လိုက်လံနှိုးဆော်ခဲ့ကြကြောင်း သိရသည်။

ကရင်ပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ကရင်ပြည်နယ်ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ၏ (၇/၂၀၂၅) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၃)၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဖူးသစ်ကိုယ်ပိုင်မူလတန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ မြဝတီခရိုင် ပြည်သူ့စာကြည့်တိုက်အား လာရောက်ကြည့်ရှုလေ့လာ

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ပြည်သူ့စာကြည့်တိုက်သို့ ယနေ့နံနက် (၁၀) နာရီ၌ ဖူးသစ်ကိုယ်ပိုင်မူလတန်းကျောင်းမှ ကျောင်းသား/ ကျောင်းသူများက စာကြည့်တိုက်ကို အသုံးပြုတက်စေရန်ရည်ရွယ်၍  လာရောက်လေ့လာကြည့်ရှုခဲ့ကြသည်။

လှိုင်းဘွဲမြို့နယ်၌ အချိန်ကို စီမံခန့်ခွဲတတ်စေရန် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းစာဖတ်ဝိုင်းကျင်းပ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ဒေသအတွင်းလူငယ်များ စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ အသိပညာဗဟုသုတတိုးပွားလာစေရန်အတွက် စာဖတ်ဝိုင်းများကို လစဉ်ကျင်းပပေးလျက်ရှိရာ စာရေးဆရာ ဂျွန်မြန်မာပြန်ရေးသားထားသော အချိန်ကိုစီမံခန့်ခွဲခြင်းဖြင့်အောင်မြင်မှုကိုရယူခြင်းစာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့မွန်းလွဲ(၁)နာရီက လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ဆောင်ရွက်သည်။

ပိုင်ကျုံမြို့၌ ကော်ဖီစိုက်ပျိုးမည့်တောင်သူများအား ကော်ဖီပျိုးပင်များ ထောက်ပံ့ပေးအပ်

ပိုင်ကျုံမြို့တွင် ကော်ဖီ ဧက ၁၀၀ စိုက်ပျိုးရန်လျာထားပြီး ၂၀၂၅-၂၀၂၆ ခုနှစ်တွင် ၂၃ ဧကအတွက် ပျိုးပင် ၁၀၀၀၀ စိုက်ပျိုးမည်ဖြစ်ကြောင်း၊ ၂၀၂၆-၂၀၂၇ ခုနှစ်တွင် လျာထားဧကပြည့်မီရေးအတွက် ပျိုးပင်များအား ဆက်လက်ဖြန့်ဝေပေးမည်ဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှသိရသည်။

လှိုင်းဘွဲမြို့နယ် အထက(နောင်ဘိုကြီး) ကျောင်းအဝင်လမ်းကို ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်

ကရင်ပြည်နယ်ဘားအံခရိုင် လှိုင်းဘွဲမြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ပြည်နယ် ငွေလုံးငွေရင်းရန်ပုံငွေဖြင့် နောင်ဘိုကြီးကျေးရွာအုပ်စု အထက(နောင်ဘိုကြီး) ကျောင်းအဝင်လမ်းကို ကျောက်လမ်းမှကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိသည်။

လှိုင်းဘွဲမြို့နယ်၌ မြေလမ်းမှကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်

ကရင်ပြည်နယ် ဘားအံခရိုင် လှိုင်းဘွဲမြို့နယ် နောင်ဘိုကြီးကျေးရွာအုပ်စု နောင်ဘိုကြီး-ရွာကိုင်းကောင်း ကျေးရွာချင်းဆက်လမ်းမြေလမ်းမှ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီး ဌာန၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ကရင်ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေဖြင့်  မြေလမ်းမှကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိရာတာဝန်ရှိသူများက ဇူလိုင် ၂၁ ရက်တွင် ကွင်းဆင်း ကြည့်ရှုစစ်ဆေးသည်။

ဘားအံမြို့၌   ရပ်ရွာအအခြေပြု အသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက် ဆန်းစစ်စီမံခြင်းနှင့် ဗလငါးတန်ဖွံ့ဖြိုးရေး၊ တိုင်းရင်းသားရေးရာ အသိပညာပေးဟောပြော

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၌ တိုင်းရင်းသားရေးရာအသိပညာပေးခြင်း၊ ရပ်ရွာအအခြေပြု အသက်မွေ ဝမ်းကျောင်းပညာလိုအပ်ချက် ဆန်းစစ်စီမံခြင်းနှင့် ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက အ-ထ-က(ခွဲ)အုန်းတပင်ကျောင်းခန်းမ၌ ကျင်းပသည်။
Subscribe to ကရင်ပြည်နယ်