ကရင်ပြည်နယ်

ကရင်ပြည်နယ်အတွင်း မွေးမြူစိုက်ပျိုးထုတ်ကုန်များ စွမ်းအားပြည့်ထုတ်လုပ်နိုင်ရေး တောင်သူစည်းရုံးပညာပေးလုပ်ငန်းများဆောင်ရွက်

စားရေရိက္ခာဖူလုံပြီး ပိုလျှံသည်များအား တန်ဖိုးမြှင့်ထုတ်ကုန်များထုတ်လုပ်၍ ဈေးကွက်များသို့ တင်ပို့ရောင်းချနိုင်ရေး တောင်သူများမှစွမ်းအားပြည့်မွေးမြူစိုက်ပျိုးထုတ်လုပ်နိုင်ရန် ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနနှင့်နှီးနွယ်ဆက်စပ်ဌာနများမှ တောင်သူ စည်းရုံးပညာပေးလုပ်ငန်းများကို မြေပြင်ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ဇူလိုင် ၂၂ ရက် နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ထိုသို့ကွင်းဆင်း ဆောင်ရွက်ပေးနေမှုများအား လိုက်လံကြည့်ရှုအားပေးသည်။

ကော့ကရိတ်မြို့နယ်ရွေးကောက်ပွဲကော်မရှင် မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုနည်း ဆင့်ပွားသင်တန်းဖွင့်လှစ်

ကရင်ပြည်နယ်၊ ကေ့ာကရိတ်မြို့နယ် ရွေးကောက်ပွဲကော်မရှင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုနည်း ဆင့်ပွားသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ဘားအံမြို့ လူငယ်စင်တာ စည်းအဝေးခန်းမတွင် ကျင်းပရာ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် သင်တန်းသား ဆရာ၊ ဆရာမများ တက်ရောက်ကြကြောင်း သိရသည်။

လိပ်သိုဒေသထွက် ထောပတ်သီးများ ဈေးကောင်းရရှိ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သို​ဒေသရှိ ဒေသခံများမှာ နှစ်တိုနှစ်ရှည် သီးနှံပင်အမျိုးမျိုးကို စိုက်ပျိုးလျက်ရှိကြရာ ထောပတ်ပင်များကိုလည်း စိုက်ပျိုးထားလျက်ရှိပြီး ဒေသထွက်ထောပတ်သီးများ ဈေးကောင်းရလျက်ရှိနေကြောင်း သိရသည်။

သံတောင်ကြီးမြို့ သာသနာ့မဉ္ဇူကျောင်းတိုက်တွင် မြို့နယ်အဆင့် ဌာနဆိုင်ရာများ စုပေါင်းဝါဆိုသင်္ကန်း ကပ်လှူပွဲ အခမ်းအနား ကျင်းပ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ စုပေါင်း၍  ဝါဆိုသင်္ကန်း ကပ်လှူပွဲ အခမ်းအနားကို ယမန်နေ့ နံနက် (၉) နာရီအက သံတောင်ကြီးမြို့ သာသနာ့မဉ္ဇူကကျာင်းတိုက်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်ရေး အ.လ.က(၁) ကျောင်းသို့ နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်

မြဝတီခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများ အသိပညာ ဗဟုသုတ တိုးပွားစေရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်ခြင်းကို အမှတ်(၁)၊ အခြေခံပညာ အလယ်တန်းကျောင်း၌ ယနေ့ နံနက် (၁၀)နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

​​​​​​​မြဝတီမြို့နယ် အခြေခံပညာအထက်တန်းဝါးတောကျောင်းတွင် လူငယ်စကားဝိုင်း ကျင်းပ

ကျောင်းသား၊ ကျောင်းသူလူငယ်များ ဗလငါးတန်ဘက်စုံဖွံ့ဖြိုး တိုးတက်စေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယနေ့နံနက် (၁၀) နာရီက ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့ အခြေခံပညာအထက်တန်း (ဝါးတော) ကျောင်း၌ ကျင်းပပြုလုပ်ရာ အခြေခံပညာအထက်တန်း (ဝါးတော) ကျောင်းအုပ်ဆရာမ ဒေါ်စိုးစိုးသက်က အဖွင့်အမှာစကားပြောကြားခဲ့သည်။

ကရင်ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက် (၂၅) နှစ်အောက် အမျိုးသားဖူဆယ်ပြိုင်ပွဲ ကျင်းပ

ပြည်နယ်အတွင်းမှ ထူးချွန်ထက်မြတ်သည့် ရွက်ပုန်းသီးအားကစားသမားကောင်းများ ပေါ်ထွန်းလာစေရေး၊ တိုင်းဒေသကြီးနှင့်ပြည်နယ်ဖူဆယ်ပြိုင်ပွဲတွင် ကရင်ပြည်နယ်အသင်း အဆင့်အတန်းမြင့်မားစွာ ဝင်ရောက်ယှဉ်ပြိုင်အနိုင်ရရှိစေရေး ရည်ရွယ်ကျင်းပသည့် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက် (၂၅) နှစ်အောက် အမျိုးသားဖူဆယ်ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ဇူလိုင်လ ၂၁ ရက်နေ့ နံနက် ၁၀ နာရီက ဘားအံတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမအနီးရှိ ပြည်နယ်ဖူဆယ်အားကစားခန်းမ၌ ကျင်းပသည်။

မြဝတီမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများ ထုတ်ပေး

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို မြန်မာ့စီးပွားရေးဘဏ်တွင် လစဉ်ပုံမှန် ၂၁ ရက်နေ့မှစတင်၍ ထုတ်ပေးလျက်ရှိရာ ယနေ့တွင်လည်း ဆက်လက်ထုတ်ပေးလျက်ရှိကြောင်းသိရသည်။

သံတောင်ကြီးမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းများ၏ ပင်စင်လစာငွေများကို မြန်မာ့စီးပွားရေးဘဏ်၌ ထုတ်ပေး

ကရင်ပြည်နယ်၊  သံတောင်ကြီးမြို့နယ်တွင် အငြိမ်းစား ဝန်ထမ်းများ၏ ပင်စင်လစာငွေများကို  မြန်မာ့စီးပွားရေးဘဏ်၌  ယနေ့နံနက်ပိုင်းတွင် လည်း ထုတ်ပေးလျက်ရှိကြောင်း သိရသည်

မြဝတီမြို့၌ အငြိမ်းစားမိဘပြည်သူများအား UID (Unique Identity) ကတ် ကွင်းဆင်းဆောင်ရွက်

မြဝတီမြို့တွင် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာလိမ်လည်ထုတ်ယူခြင်းမှ ကင်းဝေးနိုင်စေရန်၊ လူပုဂ္ဂိုလ်မှန်ကန်မှုရှိ/မရှိ စိစစ်နိုင်စေရန်နှင့် ခေတ်မီနည်းပညာ အသုံးပြုနိုင်ရန်၊ မြန်မာ့စီးပွားရေးဘဏ်၏ Centralized e-pension စနစ်နှင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၏ e-ID စနစ်တို့ ချိတ်ဆက်ဆောင်ရွက်နိုင်ရေးအတွက် UID (Unique Identity) ကတ် ကွင်းဆင်း ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၉ နာရီတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြဝတီမြို့နယ် ဦးစီးမှူးရုံး၌ ဆောင်ရွက်ပေးခဲ့သည်။
Subscribe to ကရင်ပြည်နယ်