ကရင်ပြည်နယ်

ပိုင်ကျုံမြို့ ပရဟိတမြို့မသာသနပြုကျောင်း၌ စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ ကျင်းပ

ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့ ပရဟိတမြို့မ-သာသနာပြုကျောင်း၌ မြို့ရှိဌာနဆိုင်ရာများတို့မှ စုပေါင်းကာ ဇူလိုင် ၂၄ရက်နေ့က ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ ဆောင်ရွက်ခဲ့သည်။

လိပ်သိုဒေသတွင် ဒူးရင်းပျိုးပင်များ ဈေးကောင်းရရှိ၍ ပျိုးထောင်ရောင်းချသူများ အဆင်ပြေ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ ဒူးရင်းပင်ပျိုးထောင်ထားသူများသည် ယခုနှစ်တွင် ပျိုးပင်ဈေးကောင်းရရှိ၍ ဝင်ငွေကောင်းကာ မိသားစုစားဝတ်နေရေး ဖူလုံလျက်ရှိကြောင်း သိရသည်။

မြဝတီမြို့၌ ဖွင့်လှစ်ထားသော ရေဘေးကယ်ဆယ်ရေးစခန်း (၈)ခုတွင် ရေဘေးသင့်ပြည်သူ (၄၇၃၆) ဦး ပြောင်းရွှေ့ခိုလှုံ

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့တွင်  မိုးအဆက်မပြတ်ရွာသွန်းပြီး သောင်ရင်းမြစ်ရေသည် စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်ရောက်ရှိ၍ မြေနိမ့်ပိုင်းနှင့် မြစ်နှင့်နီးသောရပ်ကွက်များအတွင်းသို့ ရေဝင်ရောက်လျက်ရှိသဖြင့် ရေဘေးသင့်ပြည်သူ (၄၇၃၆) ဦးတို့သည် ယာယီရေဘေး ကယ်ဆယ်ရေးစခန်း (၈) ခုတွင် ပြောင်းရွှေ့နေထိုင်လျက်ရှိသည်။

ကရင်ပြည်နယ်တွင် မြစ်ရေကြီးခြင်း သတိပေးချက် လိုက်လံနှိုးဆော်

ကရင်ပြည်နယ်၊ ဘားအံမြို့၌ သံလွင်မြစ်ရေသည် စိုးရိမ်ရေမှတ် ၇၅၀ စင်တီမတီတာအထက် ရောက်ရှိလာပြီးဖြစ်သည့်အတွက် မြေနိမ့်ပိုင်းနေရာများတွင်နေထိုင်ကြသည့် ပြည်သူများအား ကြိုတင်သတိပြုနိုင်ရန်နှင့် အချိန်မီရှောင်ရှားနိုင်ရန်အတွက် ယမန်နေ့နံနက် ၁၀ နာရီက ရေဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ရေးအချက်များနှင့် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ မြစ်ရေကြီးခြင်း သတိပေးထုတ်ပြန်ချက်အား လိုက်လံနှိုးဆော်ခဲ့ကြသည်။

ဘားအံမြို့နယ်၌ သံလွင်မြစ်ရေမြင့်တက်လာမှုကြောင့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ထိရောက်စွာဆောင်ရွက်သွားနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ကရင်ပြည်နယ်၊ ဘားအံမြို့၌ သံလွင်မြစ်ရေသည် စိုးရိမ်ရေမှတ် ၇၅၀ စင်တီမီတာ ရောက်ရှိပြီး ဖြစ်သည့်အတွက် မိုးရာသီကာလအတွင်း ဖြစ်ပွားလေ့ရှိသော သဘာဝဘေးန္တရာယ်များနှင့်ပတ်သက်၍ အရေးပေါ်ကြုံတွေ့လာပါက အချိန်နှင့်တစ်ပြေးညီ ရှာဖွေကူညီ ကယ်ဆယ်ရေးလုပ်ငန်းများ တုံ့ပြန်ဆောင်ရွက်နိုင်ရေးအတွက် ခရိုင်အဆင့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဘားအံခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကရင်ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံအသက်(၂၅)နှစ်အောက် အမျိုးသား ဖူဆယ်ဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်

၂၀၂၅ ခုနှစ် ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသားဖူဆယ်ပြိုင်ပွဲ ဗိုလ်လုပွဲစဉ်နှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက ဘားအံတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမအနီးရှိ ပြည်နယ်ဖူဆယ်အားကစားခန်းမ၌ ကျင်းပခဲ့သည်။

မြဝတီမြို့၊ မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများအား UID (Unique Ldentity) ကတ် ကွင်းဆင်းဆောင်ရွက်ပေး

မြဝတီမြို့တွင် ပင်စင်ထုတ်ယူနေကြသည့် အငြိမ်းစားဝန်ထမ်းများအား UID(Unique Ldentity) ကတ် ဆောင်ရွက်ပေးခြင်းကို ဇူလိုင်လ ၂၄ ရက် နံနက် ၉ နာရီက မြန်မာ့စီးပွားရေးဘဏ်နှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြဝတီမြို့နယ် ဦးစီးမှူးရုံးတို့၌ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

လိပ်သိုမြို့ပေါ်ရှိ ဒေသခံပြည်သူများ ဌက်ပျောပင်များ တစ်နိုင်တစ်ပိုင်စိုက်ပျိုးခြင်းဖြင့် မိသားစုအပိုဝင်ငွေ ရရှိ   

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့သည် တောင်ပေါ်ဒေသမြို့ဖြစ်ပြီး ဒေသခံပြည်သူများသည် နှစ်ရှည်သီးနှံပင်များကိုသာ အဓိကထားစိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ မိသားစုအပိုဝင်ငွေရရှိစေရန် ငှက်ပျောပင်များကို တစ်နိုင်တစ်ပိုင် စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး Mobile စနစ်ဖြင့် စာအုပ်စာစောင်များ သွားရောက်ငှားရမ်း

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ကျောင်းသား/ကျောင်းသူများ စာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိရေး၊ စာပေမှရရှိသည့် ဗဟုသုတများရရှိရေး၊ ကျောင်းစာအပြင် ပြင်ပဗဟုသုတတိုးပွားစေရေးအတွက် စဉ်ဆက်မပြတ် စာအုပ်စာစောင်များကို အခမဲ့ငှားရမ်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် ၁၀ နာရီအချိန်က လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်းသို့ Mobile စနစ်ဖြင့် စာအုပ်စောင်များ သွားရောက်ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

မြဝတီမြို့နယ်အတွင်း သောင်ရင်းမြစ်ရေ ဝင်ရောက်မှုကြောင့် မြေနိမ့်ပိုင်းရှိ အိမ်ထောင်စုများ ကယ်ဆယ်ရေးစခန်းများသို့ ရွှေ့ပြောင်း

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့တွင် သောင်ရင်းမြစ်ရေချိန်သည် (1131 cm) စိုးရိမ်ရေအမှတ် (963 cm) သို့ရောက်ရှိနေပြီဖြစ်သည့်အတွက် မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းဒေသများတွင် နေထိုင်လျက်ရှိကြသည့် အိမ်ထောင်စုများမှာ ယမန်နေ့ ညနေ ၄ နာရီမှ စတင်၍ ကယ်ဆယ်ရေးစခန်းများသို့ ပြောင်းရွှေ့နေထိုင်လျက်ရှိကြောင်း သိရသည်။
Subscribe to ကရင်ပြည်နယ်