ဘားအံမြို့၌ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူ ၁၀၂၆ ဦးရှိပြီး အောင်ချက်ရာခိုင်နှုန်း ၅၅ ဒသမ ၇၉ ရာခိုင်နှုန်း အောင်မြင်
ဘားအံမြို့တွင် ၂၀၂၅ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုအောင်မြင်သူ ၁၀၂၆ဦး ၊၅၅ ဒသမ ၇၉ ရာခိုင်နှုန်းရှိ ၂၀၂၅ခုနှစ်၊တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းကို ယမန်နေ့နံနက် ၆ နာရီက ထုတ်ပြန်ကြေညာခဲ့ရာ ဘားအံမြို့တွင် အောင်မြင်သူ ကျောင်းသား ၃၀၅နှင့် ကျောင်းသူ၇၂၁ စုစုပေါင်း ၁၀၂၆ဦး အောင်မြင်ခဲ့ပြီး အောင်မြင်သည့် ရာခိုင်နှုန်းမှာ ၅၅ ဒသမ ၇၉ ရှိကြောင်း သိရသည်။