ကျုံဒိုးမြို့၌ အီလက်ထရောနစ်မဲပေးစက်ဆိုင်ရာအသိပညာပေး၊ လက်တွေ့ စမ်းသပ်မဲပေးခြင်း
မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့မဲပေးခြင်းအခမ်းအနားကို ယနေ့ နံနက် ၉နာရီက ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့၊အမှတ်(၅၄၅)ခြေမြန်တပ်ရင်း တပ်တွင်းခန်းမ၌ ကျင်းပရာ တပ်ရင်းမှူး၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ခေတ္တဥက္ကဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌ၊ မြို့အုပ်ချုပ်ရေးမှူး၊ ခရိုင်ရွေးကောက်ပွဲ =ကော်မရှင်အတွင်းရေးမှူးနှင့် တပ်နယ်အတွင်းရှိ တပ်ရင်း၊တပ်ဖွဲ့၊အရာရှိ၊ စစ်သည်မိသားစုဝင်များက တက်ရောက်ကြသည်။