ဖာပွန်မြို့နယ်၊ကမမောင်းမြို့တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ မဲပေးခွင့်မဆုံးရှုံးစေရေး ရပ်ကွက်/ကျေးရွာမြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးအဖွဲ့မှ ဆက်လက်ကွင်းဆင်း စိစစ်ဆောင်ရွက်
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်အမည်စာရင်းများ ဒုတိယအကြိမ် ကပ်ထားကြေညာပေးလျက်ရှိရာ ပြည်သူများလာရောက်ကြည့်ရှုပြီး မိမိအမည်မဲစာရင်းတွင် ပါ/မပါအား သိရှိနိုင်ရေး၊ ကျန်ရှိမှု မဖြစ်စေရေးအတွက် တစ်အိမ်တက်ဆင်း ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာ ၃၀ ရက်နေ့နံနက်တွင်လည်း မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးအဖွဲ့များက ဝါကော်ကျေးကျေးရွာအုပ်စုနှင့် အမှတ် (၂) ရပ်ကွက်များသို့ နံနက်(၈)နာရီမှ စတင်ကာ တစ်အိမ်တက်ဆင်းကွင်းဆင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။