မြဝတီမြို့ ဘုရင့်နောင်စျေးကြီး၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဇာတ်တိုက်လေ့ကျင့်မှုသရုပ်ပြပွဲကျင်းပ
ကရင်ပြည်နယ်၊ မြဝတီခရိုင်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ဈေးတာဝန်ခံ၊ ဈေးသူဈေးသားများနှင့်အတူ ဘုရင့်နောင်ဈေးကြီးအတွင်း၌ ယမန်နေ့ညနေ ၃ နာရီက မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်မှုသရုပ်ပြပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။