ဘားအံမြို့နယ်တွင် ၂၀၂၅ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲပေး
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ဆန္ဒမဲပေးခြင်းကို ယနေ့နံနက် (၆) နာရီ မဲရုံစတင်ဖွင့်လှစ်သည့် အချိန်တွင် ဘားအံမြို့ပေါ်ရပ်ကွက်များရှိ အခြေခံပညာအထက်တန်းကျောင်းအသီးသီး၌ ဖွင့်လှစ်ထားသော မဲရုံများတွင် မဲဆန္ဒရှင်ပြည်သူများက ရပ်ကွက်အလိုက် ဆန္ဒမဲလာရောက်မဲပေးလျက်ရှိကြောင်း သိရသည်။