ဘားအံတွင် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဇွဲကပင်တောင်အတက်/အဆင်းပြိုင်ပွဲ ကျင်းပ
(၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဇွဲကပင်တောင်အတက်/အဆင်းပြိုင်ပွဲကို ဇန်နဝါရီလ ၁ ရက်နေ့ နံနက်ပိုင်းက ဘားအံမြို့၊ ဇွဲကပင်တောင်ခြေအရှေ့ဘက်ခြမ်း သစ်ချကျေးရွာ တံတားဖြူ၌ စတင်တာလွှတ်ယှဉ်ပြိုင်ခဲ့ရာ အမျိုးသား/အမျိုးသမီးပြိုင်ပွဲဝင် ၁၈၂၃ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။