ကရင်ပြည်နယ်

မြဝတီမြို့ ရွှေမြင်းဝန်စေတီတော်၌ ဗုဒ္ဓပူဇနိယပွဲတော်နှင့် အသံမစဲမဟာပဋ္ဌာန်းကျမ်းမြတ် ရွတ်ဖတ်ပူဇော်ခြင်း အောင်ပွဲအခမ်းအနား ကျင်းပ

ကရင်ပြည်နယ်၊ မြဝတီမြို့ ကျက်သရေဆောင် ဆံတော်ရှင် ရွှေမြင်းဝန်စေတီတော်၌ (၄၈) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်နှင့် ဇန်နဝါရီလ (၁) ရက်နေ့မှ (၉) ရက်နေ့အထိ ရွတ်ဖတ်ပူဇော်ခဲ့သည့် အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ခြင်း အောင်ပွဲအခမ်းအနားကို ယနေ့နံနက် (၉) နာရီတွင် ရွှေမြင်းဝန်စေတီတော်၏ မြောက်ဘက်မုဒ်မဟာမြတ်မုနိစေတီတော်မြတ်ကြီးတွင် ကျင်းပခဲ့သည်။

ကော့ကရိတ်မြို့တွင် စားသုံးဆီများ ဈေးနှုန်းချိုသာစွာ ရောင်းချ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် ကရင်ပြည်နယ်အစိုးရအဖွဲ့၏အစီအစဉ်ဖြင့် အခြေခံစားသုံးသူပြည်သူများ စားဝတ်နေရေးလွယ်ကူအဆင်ပြေစေရန်အတွက် သက်သာသောဈေးနှုန်းဖြင့် စားသုံးဆီများ ရောင်းချပေးလျက်ရှိပြီး ယနေ့နံနက် ၉ နာရီက အမှတ် (၅) ရပ်ကွက်၊ အောက်ပအိုဝ်စုရှိ ရပ်ကွက်နေပြည်သူများထံသို့ စားသုံးဆီများရောင်းချပေးရာ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးမိုးကျော်အောင်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်လင်းနှင့် တာဝန်ရှိသူများက လာရောက်ကြည့်ရှု၍ လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကရင်ပြည်နယ်အတွင်း ဆောင်းဆီထွက်သီးနှံ ၇၆၉၂၃  ဧကစိုက်ပျိုးရန်လျာထား ပြည်နယ်ဝန်ကြီးချုပ် ကြည့်ရှုအားပေး

ကရင်ပြည်နယ်အတွင်း စားသုံးဆီဖူလုံမှုရာခိုင်နှုန်း တိုးတက်မြင့်မားရေးအတွက် ဆီထွက်သီးနှံများကို နှစ်စဉ် တိုးချဲ့စိုက်ပျိုးခြင်းနှင့် အထွက်နှုန်းတိုးတက်ထွက်ရှိအောင်ဆောင်ရွက်လျက်ရှိပြီး ၂၀၂၅-၂၀၂၆ခု ဘဏ္ဍာရေးနှစ်တွင် ဆောင်းဆီထွက်သီးနှံ ၇၆၉၂၃ ဧကစိုက်ပျိုးထုတ်လုပ်သွားရန် လျာထားဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများသည် ဇန်နဝါရီလ ၈ ရက်နေ့ နံနက်ပိုင်းက ဘားအံမြို့နယ်၊ ကော့လှိုက်ကျေးရွာနှင့်ဝါးဆူးကျေးရွာတို့ရှိ ဆောင်းဆီထွက်သီးနှံ စိုက်ခင်းများအား ကွင်းဆင်းကြည့်ရှုအားပေးခဲ့ကြသည်။

ဘားအံတက္ကသိုလ်တွင် မူးယစ်ဆေးဝါးများအန္တရာယ်နှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲအခမ်းအနား ကျင်းပ

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ကျောင်းးသား၊ ကျောင်းသူလူငယ်များမူးယစ်ဆေးဝါးအန္တရာယ်နှင့်လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာအသိပညာပေး အကြောင်းအရာများကို သိရှိစေရန်ရည်ရွယ်၍ မူးယစ်ဆေးဝါးအန္တရာယ်နှင့်လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ဇန်နဝါရီလ(၇)ရက်နေ့ နံနက်ပိုင်းက ဘားအံတက္ကသိုလ် ငုရွှေဝါခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကမမောင်းမြို့ရှိ ဌာနဆိုင်ရာဝန်ထမ်းများအား မဲပေးခြင်းဆိုင်ရာမွမ်းမံသင်တန်း ဖွင့်လှစ်

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့၌  ၂၀၂၅ ခုနှစ်၊ ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၂) ကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၁၁) ရက်နေ့တွင် အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကမမောင်းမြို့ပေါ်၊ ရပ်ကွက်/ကျေးရွာ/တပ်နယ် မဲရုံ (၉) ရုံတွင် မဲရုံမှူး၊ ဒုမဲရုဲမှူးနှင့် မဲရုံအဖွဲ့ဝင်တာဝန်များ ထမ်းဆောင်ကြရမည့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပညာရေး ဝန်ထမ်းများကိုမဲရုံအခင်းအကျင်းနှင့် မဲပေးခြင်ဆိုင်ရာ မွမ်းမံသင်တန်း အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက ကမမောင်းမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။

ကမမောင်းမြို့တွင် မဲပေးစက်ဆိုင်ရာအသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေး

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မဲဆန္ဒရှင်ပြည်သူများအား မဲပေးစက်ဆိုင်ရာအသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း အစီအစဥ်ကို ယမန်နေ့နံနက်ပိုင်းက ကမမောင်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ပြုလုပ်သည်။

သံတောင်ကြီး ဒေသထွက် မျှစ်ချဉ်များ ဈေးကောင်းရရှိ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့သည် တော်ပေါ်မြို့ဖြစ်သည့်အားလျော်စွာ သစ်၊ ဝါးများ သဘာဝအတိုင်း ပေါက်ရောက်ကြသည်။ မိုးတွင်းအချိန်တွင် သဘာဝအတိုင်း အလေ့အထပေါက်သည့် မျှစ်များကို တစ်နှစ်တာပတ်လုံး စားသုံးနိုင်ရန် မျှစ်ချဉ်များ ပြုလုပ်ကြသည်။

လိပ်သိုဒေသထွက် ငရုပ်သီးခြောက်များ ဈေးကောင်းရရှိ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ ကျေးရွာအချို့တွင် တောင်ပေါ်ကုလားအော်ငရုပ်သီးမျိုးများကို ဒေသခံတောင်သူများက အဓိကထားစိုက်ပျိုးပြီး အသက်မွေးဝမ်းကျောင်းလျက် ရှိသည်။

ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂)အတွက် လှိုင်းဘွဲမြို့နယ်ရှိ မဲရုံများအတွက် မဲပေးစက်များထုတ်ယူ

ကရင်ပြည်နယ် ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၌ ၂၀၂၆ ခုနှစ်ဇန်နဝါရီ ၁၁ ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း(၂)အတွက် မဲပေးစက်များကို ရပ်ကွက်၊ ကျေးရွာအုပ်စုမဲရုံများမှ တာဝန်ရှိသူများက လှိုင်းဘွဲမြို့ အောင်ဆန်းခန်းမတွင် ယနေ့နံနက်ပိုင်းက လာရောက်ထုတ်ယူလျက်ရှိကြသည်။
Subscribe to ကရင်ပြည်နယ်