ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂)အတွက် လှိုင်းဘွဲမြို့နယ်ရှိ မဲရုံများအတွက် မဲပေးစက်များထုတ်ယူ

လှိုင်းဘွဲ   ဇန်နဝါရီ  ၇

ကရင်ပြည်နယ် ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၌ ၂၀၂၆ ခုနှစ်ဇန်နဝါရီ ၁၁ ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း(၂)အတွက် မဲပေးစက်များကို ရပ်ကွက်၊ ကျေးရွာအုပ်စုမဲရုံများမှ တာဝန်ရှိသူများက လှိုင်းဘွဲမြို့ အောင်ဆန်းခန်းမတွင် ယနေ့နံနက်ပိုင်းက လာရောက်ထုတ်ယူလျက်ရှိကြသည်။

အဆိုပါ မဲပေးစက်များကို မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ခံများနှင့်ဝန်ထမ်းများက စနစ်တကျထုတ်ပေးခဲ့ကြသည်။  လှိုင်းဘွဲမြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စု (၆၇)အုပ်စုကို တိုက်နယ်အုပ်စု(၇)အုပ်စုခွဲ၍ မဲရုံစုစုပေါင်း(၁၄၉)ရုံဖွင့်လှစ်၍ အား   ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်နယ်လွှတ်တော်နှင့်   တိုင်ရင်းသားကိုယ်စားလှယ်များကို  ဆန္ဒမဲပေးနိုင်ရန် မဲပေးစက်နှင့် အရန်မဲပေးစက် စုစုပေါင်း ၁၁၀၆ လုံးကို ထုတ်ပေးသွားမည်ဖြစ်ပြီး ဆန္ဒမဲပေးနိုင်သည့် မဲဆန္ဒရှင်ပြည်သူ စုစုပေါင်း ၁၆၃၂၁၇ ဦးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌထံမှ သိရသည်။

စောဒိ(ပြန်/ဆက်)