ကရင်ပြည်နယ်

ဘားအံတက္ကသိုလ်တွင် ဆောင်းရာသီအားကစားပြိုင်ပွဲကျင်းပ

ကရင်ပြည်နယ်၊ ဘားအံတက္ကသိုလ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ဘာသာရပ်ပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲကို ယမန်နေ့နံနက်ပိုင်းက ဘားအံတက္ကသိုလ် မိုးလုံလေလုံအားကစားရုံတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကြာအင်းဆိပ်ကြီးမြို့နယ်၌ မဲပေးစက်အသုံးပြုပုံ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၂၅) ရက်နေ့၌ ပြုလုပ်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း(၃)တွင် မဲဆန္ဒရှင်ပြည်သူ များအနေဖြင့် မဲပေးခွင့် အခွင့်အရေး ပြည့်ဝစွာ ရရှိစေရန် ရည်ရွယ်ချက်ဖြင့် မြန်မာဘာသာ၊  ကရင်(စကော)၊ ကရင်(ပိုး)၊ မွန်ဘာသာ၊ ပအိုဝ်းဘာသာတို့ဖြင့် ရေးသားဖော်ပြထားသည့် မဲဆန္ဒပေးရာတွင် သိရှိလိုက်နာရန်အချက်များ၊ သတိပေးတားမြစ်ချက်များ၊ EVM စက်ဖြင့် ဘယ်လိုမဲပေးကြမလဲ၊ မဲပေးစက်အသုံးပြု၍ မဲပေးပုံအဆင့်ဆင့် စသည်တို့ ပါဝင်သော လက်ကမ်းစာစောင်များကို ဇန်နဝါရီ ၇ ရက် နံနက်ပိုင်းက ရပ်ကွက်များအတွင်းသို့ အိမ်တိုင်ရာရောက် သွားရောက်ဖြန့်ဝေ‌ပေးခဲ့ကြောင်း သိရသည်။

ကျောင်းသားလူငယ်များ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရုံသာမက စဉ်းစားတွေးခေါ်နိုင်စေရန် စာဖတ်ဝိုင်းကျင်းပ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်များ၊ ကျောင်းသား/ကျောင်းသူများ စာဖတ်သည့် အလေ့အကျင့်များ ရရှိစေရန်နှင့် စာပေဝါသနာပါသူ အချင်းချင်းရင်းနှီးစေရန်အတွက် စာရေးဆရာ ချစ်စံဝင်း ရေးသားသော “ထားရှိရမည့်သဘောထား” စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ဇန်နဝါရီလ ၇ ရက် နံနက် ၁၀ နာရီက မြို့ဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးကြည်သိန်း ကြိုတင်ဆန္ဒမဲပေးမှုကို ကြည့်ရှုအားပေး

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးကြည်သိန်း(ကရင်ပြည်နယ်တာဝန်ခံ)သည် ကရင်ပြည်နယ်အစိုးရအဖွဲ့၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးညီညီဇော်နှင့် အတူရွေးကောက်ပွဲ အပိုင်း(၂) ကျင်းပပြုလုပ်မည့် လှိုင်းဘွဲမြို့နယ်သို့ သွားရောက်၍ သက်ဆိုင်ရာလွှတ်တော်နည်းဥပဒေ (၆၃) ပါ ရွေးကောက်ပွဲကျင်းပသည့်နေ့ရက်၌ မဲဆန္ဒနယ်အတွင်းရှိသော်လည်း မဲရုံသို့ကိုယ်တိုင်လာရောက် ဆန္ဒမဲမပေးနိုင်သော မဲဆန္ဒရှင်များ ကြိုတင်ဆန္ဒမဲပေးခြင်းနှင့်စပ်လျဉ်း၍ ပွင့်လင်းမြင်သာမှုနှင့် စနစ်တကျ ဖြစ်စေရန်အတွက် ကြိုတင်ဆန္ဒမဲပေးနေမှုအခြေအနေအား ဇန်နဝါရီ ၆ ရက် မွန်းလွဲ ၃ နာရီက ကြည့်ရှုအားပေး၍ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်တို့အား လိုအပ်သည်များကို ကြပ်မတ်လမ်းညွှန်ဆောင်ရွက်ပေးခဲ့သည်။

လှိုင်းဘွဲမြို့နယ်အတွင်း ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း(၂) အောင်မြင်စွာကျင်းပနိုင်ရေးဆွေးနွေး

ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂)ကို လှိုင်းဘွဲမြို့နယ်အတွင်း အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့် လှိုင်းဘွဲမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ဌာနဆိုင်ရာများ တွေ့ဆုံပွဲကို ဇန်နဝါရီ ၆ ရက် မွန်းလွဲ ၁ နာရီက လှိုင်းဘွဲမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမ၌ ကျင်းပသည်။

ကျုံဒိုးမြို့၌ မီးဘေးလုံခြုံရေး ဆောင်ရွက်

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလအတွင်း ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကာလအတွင်း ရပ်ကွက်/ကျေးရွာများ၌ မီးလောင်မှု၊ မီးလန့်မှုမဖြစ်ပွားစေရန် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ကော့ကရိတ်ခရိုင် မီးသတ်ဦးစီးမှူး၏ စီမံကြီးကြပ်မှုဖြင့် မြို့နယ်မီးသတ်ဦးစီးဌာနမှ ယနေ့နံနက်ပိုင်းတွင် ကျုံဒိုးမြို့ပေါ်ရပ်ကွက်များ၊ မဲရုံအဆောက်အဦနှင့် အနီးဝန်းကျင်နေရာတို့တွင် မီးဘေးလုံခြုံရေး စစ်ဆေးပညာပေးခြင်းနှင့် အသိပေးနှိုးဆော်ခြင်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပိုင်ကျုံမြို့ ကျေးလက်ကျန်းမာရေးဌာန၌ အသက်နှစ်နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်‌ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်‌ကျွေးခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်ပေး

ပိုင်ကျုံမြို့နယ်အတွင်းရှိ အသက်နှစ်နှစ်အောက်ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာသန်စွမ်းပြီး ရောဂါကူးစက်မှုမှ ကာကွယ်နိုင်ရန် ပိုင်ကျုံမြို့ ကျေးလက်ကျန်းမာရေးဌာန၌ ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းကို ဇန်နဝါရီ ၆ ရက် နံနက် ၉ နာရီက စတင်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သံတောင်ကြီးမြို့နယ်တွင် မွေးစမှအသက်တစ်နှစ်ခွဲအောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းများ ဆောင်ရွက်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင်  မွေးစမှအသက်တစ်နှစ်ခွဲအောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးခြင်းကို ဇန်နဝါရီ ၆ ရက် နံနက် ၁၀ နာရီက မြို့နယ်ပြည်သူ့ဆေးရုံတွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သံတောင်ကြီးဒေသတွင် တံမြက်စည်းများ ချိုးယူရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ

ကရင်ပြည်နယ်၊ သံတောင်ကြီးဒေသသည်တောင်ပေါ်ဒေသဖြစ်သည့်အားလျော်စွာ   ယခုကာလအချိန်တွင် တောတောင်များ၊ တောင်ကုန်းတောင်တန်းများ၊ သံတောင်-သံတောင်ကြီးကားလမ်းဘေးဝဲယာများ၊ နေအပူချိန်မြင့်သောနေရာများနှင့် တောင်ယာဒေသများတွင်  သဘာဝအလျောက် ပေါက်ရောက်လျက်ရှိသော တံမြက်စည်းပင်များကို ဒေသခံပြည်သူများကစတင်ချိုးယူရောင်းချကာ မိသားစုအပိုဝင်ငွေရရှိကြောင်း သိရသည်။

(၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့ ဂုဏ်ပြုညစာစားပွဲနှင့် ပဒေသာကပွဲဖြင့် ဂုဏ်ပြုဖျော်ဖြေ

ကရင်ပြည်နယ်အစိုးရအဖွဲ့မှ တည်ခင်းဧည့်ခံသော (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့ ဂုဏ်ပြုညစာစားပွဲနှင့် ဂုဏ်ပြုဖျော်ဖြေပွဲအခမ်းအနားကို ဇန်နဝါရီလ ၄ ရက်နေ့ (လွတ်လပ်ရေးနေ့) ညပိုင်းက ပြည်နယ်အစိုးအဖွဲ့ရုံးရှေ့ဥပစာ မြက်ခင်းပြင်၌ ကျင်းပရာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယကနှင့်အဖွဲ့ဝင်များ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ တိုင်းရင်း သားလက်နက်ကိုင်ငြိမ်းချမ်းရေးအဖွဲ့ အစည်းများမှကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်ကြသည်။
Subscribe to ကရင်ပြည်နယ်