ဘိုကလေး ဇန်နဝါရီ ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် ဇန်နဝါရီလ(၁၁)ရက်နေ့၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပဆောင်ရွက်မည်ဖြစ်ရာ ရွေးကောက်ပွဲကျင်းပရန် မဲရံများပြင်ဆင်ထားရှိမှုအခြေအနေများကို ယနေ့နေ့လယ်(၂)နာရီခွဲအချိန်၌ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးတင်ဆွေဝင်းနှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုူအားပေးခဲ့သည်။
လှည့်လည် ကြည့်ရှုူအားပေးရာတွင် ဘိုကလေးမြို့ပေါ်မှ အမှတ်(၂)၊ အမှတ်(၄)၊ အမှတ်(၅)၊ အမှတ်(၆)၊ အမှတ်(၇)ရပ်ကွက်များရှိ မဲရုံများပြင်ဆင်ထားရှိမှု အခြေအနေများကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးတင်ဆွေဝင်းနှင့်အတူ ဧရာဝတီတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ ဥက္ကဋ္ဌဦးလှမိုးနှင့် အဖွဲ့၊ ဖျာပုံခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဝင် ဒုတိယဗိုလ်မှူးကြီး ကျော်မင်းယုနှင့် ကော်မတီဝင်များ၊ ဖျာပုံခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ၊ ဦးသန့်ဇင်လတ်နှင့်အဖွဲ့၊ ဘိုကလေးမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်ဝင်းလှိုင်နှင့် ကော်မတီဝင်များ၊ ဘိုကလေးမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတာဝန်ရှိသူများ လိုက်ပါ၍ ကြည့်ရှုအားပေးခြင်းဖြစ်ပြီး ရွေးကောက်ပွဲအား အချိန်ကြန့်ကြာမှုမရှိစေဘဲ လွယ်ကူအောင်မြင်စွာ ကျင်းပနိုင်ရေး လိုအပ်သည့်လမ်းညွှန်မှုများကို သက်ဆိုင်ရာ မဲရုံတာဝန်ရှိသူများထံ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)