ဦးစီးဌာနရုံးချုပ်၏လှုပ်ရှားမှုများ

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်အောင် ဆောင်ရွက်ပေးခဲ့သော ပုဂ္ဂိုလ်များအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်း

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် လေးမျက်နှာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးအစည်းအဝေးခမ်းမတွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်အောင် ဆောင်ရွက်ပေးခဲ့သော ပုဂ္ဂိုလ်များအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်း အခမ်းအနားကို ယနေ့နေ့လယ်ပိုင်းက ကျင်းပခဲ့သည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်း‌ ရေအားလျှပ်စစ်စီမံကိန်းဆိုင်ရာ အ‌ထောက်အကူပြုရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ကချင်ပြည်နယ်ဒေသခံကော်မတီများနှင့် လုပ်ငန်းညှိနှိုင်းဆွေးနွေး ၊ ငအိုးကျေးရွာအတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမတည်ပေး

ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်းဆိုင်ရာ အထောက်အကူပြုရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ကချင်ပြည်နယ်ဒေသခံကော်မတီ၏ (၁/၂၀၂၆) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။

စစ်ကိုင်းမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ကျန်မာရေးစောင့်‌ရှောက်မှုပေး

စစ်ကိုင်းမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လာရောက်ထုတ်ယူသည့် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ အဟာရဆန်ပြုတ်များတိုက်ကျွေးခြင်းနှင့် စားသုံး ဆီများစျေးနှုန်းချိုသာစွာ ရောင်းချပေးခြင်းများကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မင်္ဂလာတောင်ညွန့်မြို့နယ်တွင် မီးလောင်မှုဖြစ်ပွား

၁၉.၁.၂၀၂၆ ရက်နေ့၊ ၁ဝး၃၃ အချိန်၊ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ သာယာကုန်းရပ်ကွက်၊ နှင်းဆီလမ်းတွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် မင်္ဂလာတောင်ညွှန့်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၁) စီး၊ ရေသယ်ယာဉ် (၁) စီး ထွက်ခွာလျက်ရှိပါသည်။

တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးများအဆင်သင့်ကျင်းပနိုင်ရေးအတွက် လွှတ်တော်ရုံးသန့်ရှင်းသပ်ရပ်ရေးနှင့် စနစ်တကျရှိစေရေး ဆောင်ရွက်

မကြာမီကာလအတွင်း တနင်္သာရီ တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးများ  အဆင်သင့်ကျင်းပနိုင်ရေးအတွက် လွှတ်တော်ရုံး အဆောက်အဦပရိဝုဏ်အတွင်း၊ အပြင် သန့်ရှင်းသပ်ရပ် စနစ်တကျရှိစေရေး ဆောင်ရွက်ထားရှိမှု အခြေအနေများကို တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကို၊ တိုင်းဒေသကြီးဝန်ကြီးများနှင့်တာဝန်ရှိသူများ ဇန်နဝါရီ  ၁၃ ရက် ညနေပိုင်းက ကြည့်ရှုစစ်‌ဆေးသည်။

ဘိုကလေးမြို့နယ်တွင် မဲရုံများ ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေအား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးတင်ဆွေဝင်းနှင့်အဖွဲ့ လှည့်လည်ကြည့်ရှုအားပေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် ဇန်နဝါရီလ(၁၁)ရက်နေ့၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပဆောင်ရွက်မည်ဖြစ်ရာ ရွေးကောက်ပွဲကျင်းပရန် မဲရံများပြင်ဆင်ထားရှိမှုအခြေအနေများကို ယနေ့နေ့လယ်(၂)နာရီခွဲအချိန်၌ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးတင်ဆွေဝင်းနှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုူအားပေးခဲ့သည်။

ကလောမြို့နယ်၊ဟဲဟိုးမြို့ရှိရပ်ကွက်(၂)၊ကျေးရွာအုပ်စုများတွင် ကြိုတင်ဆန္ဒမဲပေးနေမှုများအား ကြည့်ရှုစစ်ခြင်း

ပြည်တောင်စု‌ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ရှမ်းပြည်နယ်(တောင်ပိုင်း) တာဝန်ခံဦးခင်မောင်ဦးသည် ရှမ်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးအောင်မင်းဝင်းနှင့် အတွင်းရေမှူးများလိုက်ပါ၍ ယနေ့ နံနက် ၁၀ နာရီခွဲတွင် ရွေးကောက်ပွဲ အပိုင်း(၂)ကျင်းပမည့် ကလောမြို့နယ်၊ ဟဲဟိုးမြို့၊ အမှတ်(၅)ရပ်ကွက်၊ ဝါးရုံပင်ကျေးရွာအုပ်စုနှင့် သီခေါင်ကျေးရွာအုပ်စု ကော်မရှင်အဖွဲခွဲရုံးများတွင် ကြိုတင်ဆန္ဒမဲပေးနေသည့်အခြေအနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ပုဇွန်တောင်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် တွေ့ဆုံ၍ လိုအပ်သည်များမှာကြား

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ‌ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများသည် ပုဇွန်တောင်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များအား ယမန်နေ့ နေ့လယ် ၃ နာရီအချိန်က လာရောက်တွေ့ဆုံကာ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

သန်လျင်မြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ပညာရေးစုံညီပွဲတော် ကျင်းပ

သန်လျင်ခရိုင်၊ သန်လျင်မြို့နယ် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်ကို ယမန်နေ့နံနက် ၉ နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ရတနာရှင်းသန့် ခန်းမ၌ ကျင်းပသည်။

မြို့နယ်အသီးသီးရှိ မဲဆန္ဒရှင်များ၏ ကြိုတင်ဆန္ဒမဲများ ဖွင့်ဖောက်ရေတွက်

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပမည်ဖြစ်ရာ ပြည်တွင်းမဲဆန္ဒရှင်များနှင့် ပြည်တွင်းရှိ မဲစာရင်းပါရှိသည့် ပြင်ပရောက်ကြိုတင် ဆန္ဒမဲများ ဖွင့်ဖောက်ရေတွက်ခြင်းကို ယနေ့တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့နယ်များတွင် ဆောင်ရွက်ခဲ့ကြသည်။
Subscribe to ဦးစီးဌာနရုံးချုပ်၏လှုပ်ရှားမှုများ