ဝေးလံခေါင်ဖျားဒေသသတင်းများ

Nov 08,2020
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ (၈)ရက်နေ့တွင်ကျရောက်သည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ၌ ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ကန်ပိုက်တိမြို့အတွင်း ပြည်သူများ ဆန္ဒမဲပေးရာ တွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုမရှိစေရန် ယနေ့နံနက် (၆)နာရီမှ စတင်ကာ ကျန်မာရေးနှင့် အညီဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Nov 08,2020
ချင်ပြည်နယ်၊ တီးတိန်မြို့တွင် မဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်များ ယနေ့ မွန်းလွဲ ၂ နာရီအချိန်တွင် ဆက်လက်၍ ဆန္ဒမဲများ ပေးလျက်ရှိသည်။
Nov 08,2020
ကယားပြည်နယ်၊ ဖားဆောင်းမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာ မဲရုဲများတွင် ယနေ့ နံနက်(၆)နာရီ အချိန်မှစ၍ မဲဆန္ဒရှင်ပြည်သူများက သက်ဆိုင်ရာမဲရုံအလိုက် လွတ်လပ်စွာ နှင့် စိတ်ချမ်းမြေ့စွာ ဆန္ဒမဲပေးလျက်ရှိသည်။
Nov 08,2020
ဟားခါးမြို့တွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ မဲဆန္ဒရှင်ပြည်သူများ ယနေ့နံနက် ၆ နာရီအချိန်မှစ၍ ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ ဆန္ဒမဲပေးခဲ့ကြကြောင်း သိရှိရသည်။
Nov 08,2020
၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ ဟားခါးမြို့နယ်အတွင်းရှိ မဲဆန္ဒရှင်ပြည်သူများ မဲပေးရာတွင်လုံခြုံစေရေးအတွက် မဲရုံပေါင်း(၉၅)ရုံတွင် အထူးရဲ(၉၅)ဦး ဖြင့် ကြပ်မတ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
Nov 08,2020
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ စုကလိမြို့တွင် နိုဝင်ဘာလ ၈ ရက်နေ့၌ ကျင်းပသည့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ မဲရုံအသီးသီးတွင် နံနက် ၆ နာရီမှစတင်၍ ပြည်သူများ ဆန္ဒမဲလာရောက်ပေးလျက်ရှိကြောင်း သိရသည်။
Nov 08,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ်တွင် ယနေ့နံနက် (၆)နာရီမှစတင်၍ ဖွင့်လှစ် ကြောင်းကြေညာပြီး မဲရုံအမှတ် (၁) ၊ (၂) ၊ (၃)၊ (၁၄) ၊(၁၅) မဲရုံအသီးသီး၌ဆန္ဒမဲ ပေးခွင့်ရှိသူများ အေးချမ်းစွာလာရောက်၍ ဆန္ဒမဲပေးကြကြောင်း သိရသည်။
Nov 08,2020
ကချင်ပြည်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်တွင် နိုဝင်ဘာလ ၈ ရက်နေ့၌ကျင်းပသည့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ မဲရုံအသီးသီးတွင် ယနေ့နံနက် ၆ နာရီမှစတင်၍ ပြည်သူများ ဆန္ဒမဲလာရောက်ပေးလျက်ရှိ‌ကြောင်း သိရသည်။