Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
ဝေးလံခေါင်ဖျားဒေသသတင်းများ
Breadcrumb
Home
>
မံစီမြို့နယ်၌ ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစားများအတွက် နိုင်ငံတော်အစိုးရက စတုတ္ထအကြိမ် ထောက်ပံ့ငွေများပေးအပ်
Nov 12,2020
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်အတွင်း၌ ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစား များအတွက် နိုင်ငံတော်အစိုးရမှ တစ်အိမ်ထောင်စုလျှင် ငွေကျပ် (၂ဝ၀၀၀)နှုန်းဖြင့် စတုတ္ထအကြိမ် ထောက်ပံ့ပေးအပ်သည့်ငွေများကို ယမန်နေ့ မွန်းလွဲ ၃ နာရီတွင် သက်ဆိုင်ရာ ရပ်ကွက် ကျေးရွာ အုပ်ချုပ်ရေးမှူးများထံသို့ လွှဲပြောင်း ပေးအပ်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ပန်နန်းဒင်မြို့တွင် တောင်ကျချောင်းရေ တိုက်စားမှုများကြောင့် ပျက်စီးသွားသည့် လမ်းပိုင်း နေရာများအား ပြန်လည်ပြုပြင် ရှင်းလင်းမှုများပြီးစီးကာ ပုံမှန်အတိုင်း သွားလာနိုင်
Nov 12,2020
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ပန်နန်းဒင်ဒေသတွင် စက်တင်ဘာလ ၂၃ ရက်မှစ၍ မိုးအဆက်မပြတ် ရွာသွန်းမှုများကြောင့် တောင်ကျချောင်းများ မြင့်တက်လာကာ လမ်းများချောင်းရေတိုက်စားခြင်း၊ တောင်ပြိုကျခြင်းတို့ကြောင့် လမ်းများပိတ်ဆို့ကာ လမ်းပိုင်း (၂၇) နေရာခန့်ပျက်စီးသွားပြီး ထိုလမ်းပေါ်ရှိ တံတားနှစ်စင်းမှာလည်း ရေမျောပါသွားခဲ့ပါသည်။
အပြည့်အစုံ ဖတ်ရန်
မချမ်းဘော့၌ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာ ဖွံ့ဖြိုးရေး စီမံကိန်း (VDP) နှင့် ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်း (VRFP) အစီအစဉ်ဖြင့် ကျေးရွာ ရွေးချယ်ခြင်း အခမ်းအနားကျင်းပ
Nov 12,2020
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျင်းပသည့် ၂၀၂၀- ၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP) နှင့် ကျေးရွာမတည် ရန်ပုံငွေစီမံကိန်း (VRFP) အစီအစဉ်ဖြင့် မချမ်းဘော့မြို့နယ်ရှိ ကျေးရွာ (၇) ရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ကျေးရွာရွေးချယ်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက် (၁၀) နာရီတွင် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး မလိခ ခန်းမဆောင်တွင် ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
မတူပီမြို့၌ ကိုဗစ်−၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး ပူပေါင်းစစ်ဆေးရေး ဂိတ်များတွင် မြို့နယ် ကိုဗစ်−၁၉ ကာကွယ်၊ ထိန်းချုပ်ရေး ကော်မတီအဖွဲ့ဝင်များမှ ကြည့်ရှု စစ်ဆေး
Nov 12,2020
ချင်းပြည်နယ်၊ မတူပီမြို့တွင် ကိုဗစ်−၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပြီး မြို့နယ် ကိုဗစ် − ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးအောင်မြင့်ကျော် ဦးဆောင်းမှုဖြင့် အဖွဲ့ဝင်များ လိုက်ပါလျက် မတူပီ-မင်းတပ် မြို့အဝင်ဂိတ်၊ မတူပီ − ပလက်ဝလမ်းဂိတ်နှင့် မြို့ပေါ် လမ်းဆုံဂိတ်များတွင် ယမန်နေ့နံနက်က ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဖားကန့်၌ လူသတ်မီးရှို့မှု ဖြစ်ပွား
Nov 11,2020
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ လယ်ပြင်ကျေးရွာရှိ တောင်ယာရှင် တစ်ဦးပိုင်ဆိုင်သော တောင်ယာခြံဝန်း အတွင်း ယနေ့နံနက် ၉ နာရီက လူတစ်ဦးမီးလောင် သေဆုံးနေကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မတူပီမြို့၌ ရောင်ပြန်(Sticker)များကပ်ပေးခြင်း၊ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်
Nov 11,2020
ချင်းပြည်နယ်၊ မတူပီခရိုင်၊ မတူပီမြို့၌ အမှတ်(၁၀၄) ယာဉ်ထိန်းရဲတပ်ဖွဲ့စု (မတူပီမြို့)မှ ရဲအုပ် လန်အင်းခွါလ် ဦးဆောင်သည့် တပ်ဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်းက စန်ဘောင် လမ်းဆုံ၌ ရောင်ပြန် (Sticker)များ ကပ်ပေးခြင်း အသိပညာပေး လုပ်ငန်းများ ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မတူပီမြို့၌ အထူးရဲများအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပွဲ အခမ်းအနားကျင်းပ
Nov 11,2020
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲရုံလုံခြုံရေးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ကြသည့် အထူးရဲများအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁၁ နာရီအချိန်တွင်မတူပီမြို့ အခြေခံပညာ အထက်တန်းကျောင်းခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ရိခေါ်ဒါရ်မြို့ အသွားအလာကန့်သတ်စောင့်ကြည့်နေရာ၌ စောင့်ကြည့်ထားရှိသူ ၁၃ ဦးတို့တွင် ကိုဗစ်-၁၉ ရောဂါပိုး မတွေ့ရှိ
Nov 11,2020
ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့ အထကခွဲကျောင်း၌ အသွားအလာကန့်သတ် စောင့်ကြည့်ထားရှိသည့် ပြည်ပ နိုင်ငံများမှ နေရပ်ပြန်လာသူ ၁၃ ဦးတို့၏ နှာခေါင်းနှင့် အာခေါင်တို့ဖတ် (Swab)ကို စစ်ဆေးရာတွင် ကိုဗစ်-၁၉ရောဂါပိုး တွေ့ရှိခြင်း မရှိကြောင်း ရိခေါ်ဒါရ်မြို့ ကျန်းမာရေးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
92
Page
93
Page
94
Page
95
Current page
96
Page
97
Page
98
Page
99
Page
100
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department