ဝေးလံခေါင်ဖျားဒေသသတင်းများ

Dec 10,2020
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မြို့လှမြို့၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် နှာခေါင်းစည်း(mask)များ အခမဲ့ဖြန့်ဝေပေးခြင်းနှင့် အသိပညာပေး လုပ်ငန်းများကို ယမန်နေ့ နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များရှိ လမ်းမကြီးပေါ်တွင် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
Dec 10,2020
၂၀၂၀ပြည့်နှစ်၊ နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသည့် သတင်းစကားလက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို မိုင်းယုမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယမန်နေ့ နံနက်ပိုင်းက မြို့ဝင်လမ်းဆုံနှင့် စစ်ဆေးရေးဂိတ်များရှိရာနေရာတို့တွင် သွားရောက်ဖြန့်ဝေပေးခဲ့ကြသည်။
Dec 08,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ပြည်ထောင် စုလွှတ်တော်ဆိုင်ရာဖွံ့ဖြိုးရေးရန်ပုံငွေဖြင့်ဆောင်ရွက်မည့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်း ညှိနှိုင်းအစည်း အဝေးကို ဒီဇင်ဘာလ(၈)ရက် နံနက်(၉)နာရီခွဲအချိန်က မြိုနယ်ဖွံ့ဖြိုးရေးလုပ်ငန်း အကောင်အထည် ဖော်ရေးအဖွဲ့နှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူး များမှ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပဆောင်ရွက်ခဲ့သည်။
Dec 08,2020
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်အတွင်းရှိ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များ သတ်မှတ်စံချိန်စံနှုန်း A အဆင့်ကိုက်ညီမှု ရှိ / မရှိ စစ်ဆေးခြင်းကို ယနေ့ နံနက် ၁၁ နာရီက ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကော်မတီဝင်များမှ လိုက်လံစစ်ဆေးခဲ့သည်။
Dec 08,2020
ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ တီးတိန်မြို့နယ် ခိုင်ကမ်းမြို့ရှိ ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ခရီးသွားပြည်သူများအား Mask များကို အခမဲ့ ဖြန့်ဝေသည့် Campaign ကို ယနေ့နံနက်ပိုင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
Dec 08,2020
မင်းတပ်မြို့မစျေးရှေ့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် စျေးရောင်းစျေးဝယ် ပြည်သူများအား နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေးခြင်းနှင့် ကျန်းမာရေးဆိုင်ရာ အသိပညာ ပေးခြင်းကို အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ဌာနဆိုင်ရာများပူးပေါင်း၍ ယနေ့နံနက် ၈ နာရီအချိန်က ဆောင်ရွက်ခဲ့ကြသည်။
Dec 08,2020
ချင်းပြည်နယ်၊ တီးတိန်မြို့၌ စားသောက်ဆိုင်များနှင့်လက်ဖက်ရည်ဆိုင်များ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး စံသတ်မှတ်ချက်နှင့်အညီ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့က တီးတိန်မြို့နယ်အဆင့် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေး ကော်မတီအဖွဲ့မှ တာဝန်ရှိသူတို့က ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
Dec 08,2020
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ပြင်စလူမြို့တွင် မြို့အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ နယ်မြေရဲစခန်းနှင့် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး လုပ်ငန်းတို့ ပူးပေါင်းစီစဉ်ကျင်းပသည့် မှုခင်းကျဆင်းရေးနှင့် လျှပ်စစ်အန္တရာယ် ကြိုတင် ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကို ယနေ့ မွန်းတည့် ၁၂ နာရီအချိန်က ဆားချက်ကျေးရွာအုပ်စု၊ သိပ္ပံကုန်းကြီး ကျေးရွာရှိ ဓမ္မာရုံ၌ ကျင်းပခဲ့ကြောင်း သိရသည်။