ဝေးလံခေါင်ဖျားဒေသသတင်းများ

Dec 13,2020
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ရှိ လူဦးရေ(၇၇၀၀၀)ကျော် နေထိုင်နေသည့် လုံးခင်းကျေးရွာအုပ်စုကို ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှု များပြားနေသည့်အတွက် ဒေသတွင်းကူးစက်မှုများမှ ကာကွယ်နိုင်ရန် ဒီဇင်ဘာလ ၁၃ ရက် ညနေ(၆)နာရီမှစတင်ပြီး အဝင်အထွက်ကန့်သတ်သည့် နေရာအဖြစ် ပြည်နယ် ကျန်းမာ‌ရေး ဦးစီးဌာနက ဒီဇင်ဘာ ၁၁ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာလိုက်သည်။
Dec 12,2020
ချင်းပြည်နယ်၊ မတူပီမြို့ရှိ QUARANTINE CENTER များသို့ တာဝန်ရှိသူများက ယမန်နေ့ ညနေ ၄ နာရီခွဲက မတူပီမြို့ မြို့နယ်အဆင့်ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး ကော်မတီဥက္ကဋ္ဌ ဦးဆောင်ကာ ကွင်းဆင်းကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
Dec 12,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၊ ပင်တွန်ကျေးရွာအုပ်စု၊ ပထမ ပင်တွန်စာသင်တိုက်တွင် ရှမ်းပြည်နယ်အစိုးရမှ ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း ဆွမ်းများ အခက်အခဲမရှိစေရန်အတွက် ရည်ရွယ်၍ လှူဒါန်းလာသော ဆန်အိတ်များအား ယနေ့နံနက်(၁၀)နာရီခွဲခန့် အဆိုပါ စာသင်တိုက်သို့ လှူဒါန်းခဲ့ကြောင်း သိရသည်။
Dec 12,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊လဟယ်မြို့တွင် မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီနှင့် ဌာနဆိုင်ရာများ ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းတွင် တင်းကြပ်စွာပူးပေါင်းဆောင်ရွက်ရန် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နေ့ယ် (၁၅)နာရီအချိန် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးစီးဌာန အစည်းအဝေခန်းမ၌ကျင်းပသည်။
Dec 12,2020
ကချင်ပြည်နယ် ပူတာအိုခရိုင် ပန်နန်းဒင်မြို့ဒေသရှိ ပြည်သူများအတွက် အနွေးထည်၊ စားသုံးဆီနှင့် ခေါက်ဆွဲခြောက်များထောက်ပံ့ပေးအပ်ပွဲကို ဒီဇင်ဘာ ၁၀ ရက် နံနက် ၁၀ နာရီအချိန်က ပန်နန်းဒင်မြို့ရှိ ခါကာဘိုကာဇီ ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Dec 12,2020
ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ ကန်ပက်လက်မြို့၌ ကိုဗစ်-၁၉ရောဂါအသိပညာပေး (Talk show)ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Center)ခန်းမ တွင် ဒီဇင်ဘာလ (၁၂)ရက်နေ့က ကျင်းပပြုလုပ်သည်။
Dec 12,2020
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုကို ကာကွယ်ထိန်းချုပ်ရေးအတွက် ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းများအား မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီတို့က ယမန်နေ့မွန်းလွဲ (၂)နာရီတွင် မြို့နယ်ပြည်သူ့ဆေးရုံ၌ ပြုလုပ်သည်။
Dec 11,2020
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ ဝှေခါကျေးရွာ၌ ကြိုးတုပ်လျက် ရေအိုင်ထဲ သေဆုံးနေသည့် အမျိုးသားအလောင်းအား ယနေ့နံနက် ၁၀ ခွဲခန့်က တွေ့ခဲ့ရကြောင်း ဆိပ်မူနယ်မြေရဲစခန်းက သိရသည်။