ဝေးလံခေါင်ဖျားဒေသသတင်းများ

Feb 26,2020
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့နံနက် (၁၀) နာရီ က နတ်မောက် မြို့နယ်တွင် (One State One Township Project ) လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပခဲ့သည်။
Feb 26,2020
မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ်၊ ရင်ခွင်မဲ့ ကလေးငယ်များစောင့်ရှောက်ရေးအဖွဲ့နှင့် စစ်ကိုင်းတိုင်းဒေသကြီးအားကစားနှင့် ကာယပညာ ဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် ကိုယ်လက်လှုပ်ရှား ဆေးတပါး (Exercise is Medcine) အစီအစဉ်ကို ယနေ့ နံနက် ၇ နာရီက ကလေးခရိုင် ပြည်သူ့ အားကစားကွင်းအတွင်း၌ ကျင်းပရာ နိုင်ငံတော် ဒုတိယသမ္မတ(၂) ဦးဟင်နရီဗန်ထီးယူ ၏ဇနီး ဒေါက်တာအန်နာရွှေလွှမ်း တက်ရောက်ပါဝင်ဆင်နွှဲသည်။
Feb 26,2020
ပခုက္ကူခရိုင် အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မြို့နယ်ပညာရေးဌာနတို့ ပူးပေါင်း၍ အခြေခံအားကစားသင်တန်း (၁၂)မျိုးကို မတ်လ ၁၁ ရက်နေ့တွင် စတင်ဖွင့်လှစ်မည်ဖြစ်သည်။
Feb 26,2020
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြိုနယ်အတွင်း မိတ္ထီလာခရိုင် မိခင်နှင့် ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေး အဖွဲ့နှင့် မြို့နယ်မိခင်နှင့် ကလေး စောင့်ရှောက်ရေး ကြီးကြပ်မှု့အဖွဲ့တို့ ပူးပေါင်း၍ (2019-nCov Acute Respiratory Disease) ရောဂါ ကာကွယ်နှိမ်နှင်းရေး အသိပညာပေး ဆွေးနွေးပွဲများကို ယမန်နေ့ နေ့လယ် ၂ နာရီက ဝမ်းတွင်းမြို့နယ်အတွင်းရှိ သဘွတ်ကုန်း စံပြကျေးရွာတွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Feb 26,2020
မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနရုံးတွင် ကျွဲ၊ နွား၊ ဆိတ်၊ ဝက် ကူးစက်ရောဂါ ကာကွယ်ဆေးထိုးသင်တန်းကို ယနေ့ နံနက် ၉ နာရီခွဲ အချိန်က ဖွင့်လှစ်ခဲ့သည်။
Feb 26,2020
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၊ မိုးလုံလေလုံပြည်သူ့ အားကစားခန်းမတွင် ယနေ့ နံနက် (၈) နာရီက စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌန၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် အပြည်ပြည်ဆိုင်ရာ ငွေကြေးကော်ပိုရေးရှင်း (IFC) တို့ ပူးပေါင်းကျင်းပသည့် မြန်မာ့နှမ်း GAP စနစ်ဖြင့် စိုက်ပျိုး ထုတ်လုပ်မှု မြှင့်တင်ရေး ဒုတိယအကြိမ် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
Feb 26,2020
မကွေးတိုင်းဒေသကြီး၊ ဂါတ်ကုန်းကျေးရွာနေပြည်သူများ မုန်းချောင်းကမ်းပြိုမှု အန္တရာယ်ကင်းဝေးစေရေးအတွက် ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မုန်းချောင်းကမ်းပြိုကာကွယ်ရေး ရေထိန်းရေကာတာလုပ်ငန်းများ အကောင်အထည်ဖော် တည်ဆောက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
Feb 26,2020
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ် သံဃနာယကအဖွဲ့မှ ကြီးမှူး၍ ၂၀၁၉ ခုနှစ်၊ ဓမ္မာစရိယစာမေးပွဲအောင် သံဃာတော်(၃)ပါးနှင့် ပထမပြန်စာမေးပွဲအောင် စာအောင်သံဃာတော် (၇) ပါးတို့အား အောင်လက်မှတ်နှင့် စာအောင်ဆု ဆက်ကပ်ချီးမြှင့်ပူဇော်ပွဲကို ယမန်နေ့ မွန်းလွဲ ၂နာရီက ပြည်အရှေ့ရပ်ကွက် အိမ်တော်ရာစေတီတော်ဝင်း ရတနာ့ဗိမာန်ဓမ္မာရုံ၌ ကျင်းပခဲ့ကြောင်း သိရသည်။