Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
ဝေးလံခေါင်ဖျားဒေသသတင်းများ
Breadcrumb
Home
>
ရေကြည်မြို့နယ် ဇရပ်လှကျေးရွာအုပ်စု၌ လွှတ်တော်ကိုယ်စားလှယ်၊ ဌာနဆိုင်ရာများနှင့် ပြည်သူလူထု တွေ့ဆုံပွဲ ကျင်းပ
Feb 27,2020
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ် ဇရပ်လှကျေးရွာအုပ်စု ဘုန်းတော်ကြီး၌ ယမန်နေ့နံနက် ၉ နာရီအချိန်က ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများစုပေါင်း ကွင်းဆင်းဆောင်ရွက်ခြင်း၊ လွှတ်တာ်ကိုယ်စားလှယ်၊ ဌာနဆိုင်ရာများနှင့် ပြည်သူလူထု တွေ့ဆုံပွဲကျင်းပရာ အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးညွန့်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းခိုင်ဝင်းက ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားလျက် တွေ့ဆုံပွဲအခမ်းအနား စတင်ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
နံ့သာပန်းခင်း စာဖတ်ဝိုင်း ဆွေးနွေးပွဲ မလှိုင်မြို့၌ ကျင်းပ
Feb 27,2020
မလှိုင်မြို့နယ် (Book Club) အဖွဲ့နှင့် မြို့နယ်ပြန်/ဆက်ဦးစီးဌာနတို့ ပူးပေါင်း၍ နံ့သာပန်းခင်း စာဖတ် ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်ပြန်/ဆက်ရုံး Community Centre ခန်းမ ၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရှိရသည် ။
အပြည့်အစုံ ဖတ်ရန်
ကနီ၌ လေပြင်းတိုက်ခတ်မှု ဖြစ်ပွား
Feb 26,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ် ယင်းသွင်ကျေးရွာအုပ်စုနှင့် ဒိုင်ကြီးကျေးရွာ အုပ်စုတို့တွင် ယမန်နေ့ ညနေ ၄ နာရီခွဲခန့်က လေပြင်းတိုက်ခတ်မှုဖြစ်ပွားရာ ယင်းသွင်ကျေးရွာတွင်အိမ်ခြေ (၈)လုံး၊ မိချောင်းပုန်းကျေးရွာတွင်အိမ်ခြေ (၂) လုံး နှင့် ဒိုင်ကြီးအုပ်စုမုံပင်ကျေးရွာတွင်အိမ်(၁)လုံးစုစုပေါင်းအုပ်စု(၂)စု မှ ရွာ ( ၃)ရွာ အိမ်ခြေပေါင်း( ၁၁) အိမ်အမိုးလန်ပျက်စီးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရွှေစာရံကျေးရွာတွင် ကျန်းမာရေးအသိပညာပေး ဟောပြော
Feb 26,2020
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ရွှေစာရံဘုရားပွဲတော်တွင် ကိုရိုနာဗိုင်းရပ်(စ်) အဆုတ်ရောင်ရောဂါ မဖြစ်ပွားစေရန် ကျန်းမာရေး အသိပညာပေး ဟောပြောပွဲ ကျင်းပခြင်းကို ယနေ့နံနက် ၁၀နာရီခွဲ က ရွှေစာရံဘုရားရှိ မဟာဓမ္မဗိမာန်တော်၌ ပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ဘိုကလေးမြို့နယ်တွင် ဝတ္ထုတို၊ ကဗျာ၊ ရသစာတမ်းပြိုင်ပွဲ ဆုချီးမြှင့်ပွဲ ကျင်းပမည်
Feb 26,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် စာရေးဆရာအသင်းနှင့် စာပေချစ်သူ(Book Club) အဖွဲ့တို့ ပူးပေါင်း၍ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီ(၁)ရက်မှ (၃၁)ရက်ထိ ပထမအကြိမ်မြောက် ဝတ္ထုတို၊ ကဗျာ၊ ရသစာတမ်း (Essay) ပြိုင်ပွဲအား စာမူဖိတ်ခေါ် လက်ခံခဲ့ပြီး ဆုရစာမူများအား ရွေးချယ်၍ ကလောင်ရှင်များအား ဆုချီးမြှင့်ပေးအပ်ပွဲကို မတ်လ (၁)ရက်နေ့၊ နေ့လယ်(၁)နာရီတွင် ဘိုကလေး-စက်ဆန်းကားလမ်းရှိ နဒီဆေးရုံ စားသောက်ခန်းမ၌ ကျင်းပမည် ဖြစ်သည်။
အပြည့်အစုံ ဖတ်ရန်
အခြေခံလူတန်းစားများ ဆင်းရဲမှုလျှော့ချရေးနှင့် အသေးစား စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် အသေး စား ငွေရေးကြေးရေးအဖွဲ့အစည်းများ တွေ့ဆုံဆွေးနွေး
Feb 26,2020
နေပြည်တော် ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာနနှင့် နေပြည်တော်အတွင်းရှိ အသေးစားငွေရေးကြေးရေး အဖွဲ့အစည်းများ တွေ့ဆုံဆွေးနွေးခြင်းကို ယနေ့ နေ့လယ် ၁ နာရီတွင် အဆိုပါရုံး အစည်း အဝေးခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ငဖဲမြို့နယ်၌ မွေးမြူရေးဆိုင်ရာ အသက်မွေးဝမ်းကျောင်း သင်တန်းဖွင့်လှစ်
Feb 26,2020
မင်းဘူးခရိုင်၊ ငဖဲမြို့နယ်တွင် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကျေးလက်နေ တောင်သူများ တစ်ပိုင်တစ်နိုင် မွေးမြူရေးမှ စီးပွားဖြစ်စနစ်တကျ မွေးမြူတတ်စေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်း တိုးပွားရန် ရည်ရွယ်၍ မွေးမြူရေးဆိုင်ရာ အသက်မွေးဝမ်းကျောင်း သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၁၀ နာရီ က အဆိုပါရုံး ခန်းမ၌ ကျင်းပရာ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဦးစီးမှူး ဒေါက်တာ ဗျတ်နောလ်ထန်က သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
အပြည့်အစုံ ဖတ်ရန်
ပခုက္ကူ၌ လေဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ ကျင်းပ
Feb 26,2020
ပခုက္ကူမြို့နယ်အတွင်း လေဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ၉ နာရီက ပခုက္ကူခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနရုံး၌ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
346
Page
347
Page
348
Page
349
Current page
350
Page
351
Page
352
Page
353
Page
354
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department