ဝေးလံခေါင်ဖျားဒေသသတင်းများ

Jan 27,2021
ချင်းပြည်နယ်၊ ရေဇွာမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန်အတွက် မြို့နယ် မီးသတ်ဦးစီးဌာနမှ အသိပေး နိုးဆော်ခြင်းကို ဇန်နဝါရီလ ၂၅ ရက်နေ့ ညနေ(၅)နာရီတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jan 27,2021
ဖလမ်းမြို့နယ်အတွင်းရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန လက်အောက်ရှိ ဝန်ထမ်းများအား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့နံနက် ၇ နာရီခွဲမှစ၍ ဖလမ်းမြို့၊ သူနာပြုသင်တန်းကျောင်း ချယ်ရီခန်းမ၌ စတင်ဆောင်ရွက်သည်။
Jan 26,2021
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ သိုင်းငင်း-တီးတိန် ကားလမ်း (၇မိုင် ၆ ဖာလုံ) ကွန်ကရစ်ခင်းခြင်း လုပ်ငန်း မတ်လကုန်တွင် ရာနှုန်းပြည့်ပြီးစီးရန် လျာထား ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Jan 26,2021
ချင်းပြည်နယ်၊ မင်းတပ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးဇော်မိုးထိုက်သည် ကန်ပက်လက်မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ကန်ပက်လက် မြို့နယ်အတွင်းရှိ ဒေသဆိုင်ရာ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက ကွင်းဆင်း စစ်ဆေးမှုများ ဆောင်ရွက်သည်။
Jan 26,2021
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ် ဖုန်ကျန်းကျေးရွာ၌ ရပ်ကွက်(သို့မဟုတ်)ကျေးရွာအုပ်စု ဥပဒေ၊ ပြင်ဆင်သည့် ဥပဒေများ၊ နည်းဥပဒေပြင်ဆင်သည့် နည်းဥပဒေများနှင့်အညီ ကြီးကြပ်ရေး အဖွဲ့ဝင်(၅)ဦးရွေးချယ် ဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်၌ ကချင်ဘုရားကျောင်းတွင် ကျင်းပခဲ့သည်။
Jan 26,2021
ဟားခါးမြို့သို့ ဝင်ထွက်သွားလာသည့် ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက်များ၊ ခရီးသည်များအား Swab နမူနာ စစ်ဆေးခြင်းကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိပြီး ယာဉ်မောင်းနှင့်ယာဉ်နောက် လိုက်များကို မြို့ဝင်ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် Swab နမူနာ စစ်ဆေးပြီး ခရီးသွားပြည်သူများ အား မြို့ဝင်ဂိတ်တွင် စစ်ဆေးခြင်းမပြုဘဲ သီးသန့်မော်တော်ယာဉ်ဖြင့် ဟားခါးမြို့ Facility Quarantine များတွင်ထားရှိပြီး Swab နမူနာ စစ်ဆေးခြင်းကိုဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီ ၂၅ရက်နေ့တွင် Facility Quarantine ဝင်ရောက်နေသည့် အမျိုးသား(၁) ဦး၌ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသဖြင့် ဟားခါးမြို့တိုင်းရင်းဆေးရုံတွင် ပို့ဆောင်ဆေးကုသမှု ခံယူစေလျက် ရှိကြောင်း ဟားခါးမြို့နယ် ကိုဗစ်-၁၉ ကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး လုပ်ငန်းကော်မတီထံမှ သိရှိရသည်။
Jan 26,2021
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြု့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမည့် အစီအစဉ်အရ လူဦးရေစာရင်း ကောက်ယူနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Jan 26,2021
ကယားပြည်နယ်၊ ​ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်အတွင်းရှိ အသက်(၁၀၀)နှစ်နှင့် အသက်(၈၅) နှစ်အထက် သက်ကြီးဘိုးဘွားများအား ၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာ​ရေးနှစ် ပထမ(၃) လပတ်အတွက် လူမှုရေးပင်စင်​များ ​ထောက်ပံ့​ပေးအပ်ခြင်းကို ယမန်​နေ့ ည​နေ(၄)နာရီအချိန်က မြို့နယ်အုပ်ချုပ်​ရေးမှူး ဦး​အောင်မြတ်မိုး၊ မြို့နယ်လူမှုဝန်ထမ်းဦးစီး ဌာန မြို့နယ်ဦးစီးမှူး ​ဒေါ်ဝင်းဗိုလ်နှင့် ရပ်ကွက်/​ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတို့က အိမ်တိုင်ရာ​ရောက် လိုက်လံ​ထောက်ပံ့​ပေးအပ်ခဲ့​ကြောင်း သိရသည်။