ဝေးလံခေါင်ဖျားဒေသသတင်းများ

Feb 02,2021
ချင်းပြည်နယ်၊ ရေဇွာမြို့၌ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်း လုပ်ငန်းများကို ရေဇွာမြို့ ကျေးလက်ကျန်းမာရေးဌာန ဆေးခန်းတွင် ယနေ့နံနက် ၁၀ နာရီအချိန်က ဆောင်ရွက်ခဲ့​ကြသည်။
Feb 02,2021
လူမှုဝန်ထမ်းဦးစီးဌာန၏ လူမှုကာကွယ်စောင့်ရှောက်ရေး အစီအစဉ်အရ ခိုင်ကမ်းမြို့တွင် ကိုယ်ဝန်ဆောင်မိခင်နှင့် မွေးကင်းစမှ အသက်(၂)နှစ်အောက် ကလေးငယ်များ ထောက်ပံ့ငွေ ပေးအပ်ခြင်းကို ယမန်နေ့ နံနက်ပိုင်းတွင် လူမှုဝန်ထမ်း ဦးစီးဌာနရုံး၌ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
Feb 02,2021
ချင်းပြည်နယ်၊ တီးတိန်မြို့ ပြည်သူ့ဆေးရုံ၌ ကိုဗစ်-၁၉ရောဂါ ပိုးတွေ့အတည်ပြုလူနာ(၃)ဦးသည် ကျန်းမာရေး ကောင်းမွန်သဖြင့် ဖေဖော်ဝါရီ ၂ ရက် နံနက် ၁၀ နာရီက ဆေးရုံမှ ဆင်းခွင့်ပြုလိုက်ပြီ ဖြစ်ကြောင်း သိရသည်။
Jan 31,2021
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့၊ မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဂိတ်မှဝင်ရောက်လာသည့် မြန်မာနိုင်ငံသား နေရပ်ပြန်ပြည်သူများအား ချင်းရွှေဟော်မြို့ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီမှ ချင်းရွှေဟော်မြို့တွင် အသွားအလာကန့်သတ်စောင့်ကြပ်၍ သီးခြား ထားရှိပြီး ပြည်သူ့ ကျန်းမာရေးနှင့်ကုသရေးဉီးစီးဌာနမှ တာဝန်ခံဆရာဝန် ဒေါက်တာသီဟ နှင့် ဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါပိုးရှိ/မရှိ စစ်ဆေးပေး လျက်ရှိရာ ယနေ့နံနက်(၁၁)နာရီအချိန်က Rapid Test Kit စနစ်ဖြင့် ချင်းရွှေဟော်မြို့၊ ပြည်သူ့ဆေးရုံ၌ စစ်ဆေးဆောင်ရွက် ခဲ့ကြောင်းသိရသည်။
Jan 30,2021
ဖလမ်းမြို့၊ ဖါရ်ထောက်ရပ်ကွက်ရှိ မီးဘေးသင့်ပြည်သူများအတွက် ဟားခါးလူငယ်အသင်း (Hakha Youth Organization) က ဖလမ်းမြို့ မီးဘေးသင့်ကူညီရေး အဖွဲ့ထံသို့ အလှူငွေ ပေးအပ်လှူဒါန်းခြင်းကို ယနေ့ နံနက်ပိုင်းက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဖလမ်းခရိုင်ရုံး Community Centre ခန်းမ၌ ပြုလုပ်ကာ အလှူငွေများကို ဖလမ်းမြို့ မီးဘေးသင့်ကူညီရေးအဖွဲ့ ပြည်တွင်း ပြည်ပ မီးဘေးသင့် အလှူငွေရှာဖွေရေး တာဝန်ခံ ဆလိုင်းငယ်ပီး သျှန်းအုပ်ထန်းက လက်ခံရယူသည်။
Jan 30,2021
ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှကြီးမှူး၍ ကျေးလက်နေ ပြည်သူများ၏ လူမှုဘ၀မြှင့်တင်ပေးနိုင်ရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန် ရည်ရွယ်၍ အသက်မွေး၀မ်းကျောင်း အထောက်အကူပြု အခြေခံကွန်ကရစ် ပုံလောင်းသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
Jan 30,2021
ချင်းပြည်နယ် အားကစားနှင့်ကာယပညာ ဦးစီးဌာနမှ ဟားခါးမြို့နယ်အတွင်းရှိ Physical Fitness Dance ပြိုင်ပွဲဝင်များအား T-Shirt ဝတ်စုံများ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့က ဟားခါးမြို့၊ ခိုင်ကမ်း အားကစားရုံခန်းမတွင် ဆောင်ရွက်ခဲ့သည်။
Jan 29,2021
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံခြင်းနှင့်ပတ်သက်၍ ပြည်သူများအား ကြိုတင်စာရင်း ကောက်ယူခြင်း ဆိုင်ရာ ရှင်းလင်း ဆွေးနွေးခြင်းကို ယနေ့နံနက်(၉)နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခန်းမ၌ ပြုလုပ်သည်။