Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
ဝေးလံခေါင်ဖျားဒေသသတင်းများ
Breadcrumb
Home
>
ရေကြည်မြို့နယ်တွင် ကျေးလက်နေပြည်သူများ သောက်သုံးရေရရှိရေး စက်ရေတွင်းတူးဖော်ပေးလျက်ရှိ
Mar 19,2020
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ် နွားရေတိုက်ကျေးရွာအုပ်စု ကုန်းစုကျေးရွာတွင် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်းအမြစ်)မှ ကျေးရွာနေ ပြည်သူများ နွေရာသီ သောက်သုံးရေ ပြတ်လပ်မှု မဖြစ်ပေါ်စေရန် ရည်ရွယ်၍ လေးလက်မ သောက်သုံးရေ စက်ရေတွင်း တူးဖော်ပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက စတင်တူးဖော်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြောက်ဥက္ကလာပမြို့နယ်၌ FDA မှ တားမြစ်ထားသောဆေးဝါးများ ရောင်းချမှု ရှိ/မရှိ စစ်ဆေး
Mar 19,2020
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် ကျန်းမာရေးဉီးစီးဌာနနှင့် တာဝန်ရှိသူများ ပူးပေါင်းသောအဖွဲ့သည် ယမန်နေ့ မွန်းလွဲ ၁ နာရီက မြို့နယ်အတွင်းရှိ ဆေးမျိုးစုံဆိုင်များတွင် FDA မှတားမြစ်ထားသော ဆေးဝါးများ ရောင်းချမှု ရှိ/မရှိ ကို ရှောင်တခင် ဝင်ရောက်စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နေပြည်တော် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Mar 19,2020
နေပြည်တော်အတွင်းရှိ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုလျှော့ချနိုင်ရေးအတွက် နေပြည်တော် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၁/၂၀၂၀ )ကို ယမန်နေ့မွန်းလွဲ (၂) နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ကိုရိုနာဗိုင်းရပ်စ် ရောဂါကြိုတင်ကာကွယ်နိုင်ရေးအတွက် ကိုယ်အပူချိန်တိုင်း ကိရိယာများဖြင့် စမ်းသပ်ခြင်းများ မဟာမုနိရုပ်ရှင်တော်မြတ်ဘုရားကြီး၌ ဆောင်ရွက်သွားမည်
Mar 19,2020
မန္တလေးမြို့ရှိ မဟာမုနိရုပ်ရှင်တော်မြတ်ဘုရားကြီး၌ ကိုရိုနာဗိုင်းရပ်(စ်)ရောဂါကြိုတင် ကာကွယ်နိုင်ရေးအတွက် နဖူးပေါ်မှ ကိုယ်အပူချိန်ကို စမ်းသပ်နိုင်သည့် ကိရိယာဖြင့် လူဝင်လူထွက်များသော အရှေ့စောင်းတန်းနှင့် မြောက်စောင်းတန်း၊ လူဝင်လူထွက်နည်းသော အနောက်စောင်းတန်းနှင့် တောင်စောင်းတန်းတို့တွင် စက်ရိယာဖြင့် စမ်းသပ်ခြင်းများ၊ ဝင်လမ်း ထွက်လမ်းများခွဲခြား၍ ဆောင်ရွက်ခြင်းများကို မကြာမီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မဟာမုနိဘုရားကြီး ဂေါပက အဖွဲ့ထံမှသိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုးညိုမြို့နယ်တွင် ကိုရိုနာဗိုင်းရပ်(စ်) ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်
Mar 19,2020
ပဲခူးတိုင်းဒေသကြီး၊ မိုးညိုမြို့နယ်တွင် ကိုရိုနာဗိုင်းရပ်(စ်) အဆုတ်ရောင်ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး အတွက် မြို့နယ် ဆရာဝန်ကြီး ဒေါက်တာကျော်မိုး၏ ဦးဆောင်မှုဖြင့် ကျန်းမာရေးမှူးများ၊ ကျန်းမာရေးဆရာ/ ဆရာမ များက ယနေ့နံနက် ၈ နာရီက ဗိုလ်ချုပ်အောင်ဆန်း လမ်းမကြီးနှင့် စည်ပင်သာယာ စျေးအတွင်း တို့၌ လက်ကမ်း စာစောင်များ ဖြန့်ဝေပေးခြင်း၊ အများပြည်သူမြင်နိုင်သော နေရာများတွင် စတေကာများ ကပ်ပေးခြင်းနှင့် ကိုရိုနာ ဗိုင်းရပ်(စ်) ကြိုတင်ကာကွယ်ရေး အသိပညာပေး ပြောကြားခြင်းအား ဆောင်းဘောက်(စ်) ဖွင့်လှစ်ပေးခြင်း များ ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ကိုရိုနာဗိုင်းရပ်စ် ရောဂါဖြစ်ပွားမှု ထိန်းချုပ်ကာကွယ်ရေး လုပ်ငန်းများဆောင်ရွက်နိုင်ရေးအတွက် အစည်းအဝေးဆောင်ရွက်
Mar 19,2020
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ကိုရိုနာဗိုင်းရပ်စ် (COVID-19) ရောဂါဖြစ်ပွားမှု ထိန်းချုပ်ကာကွယ်ရေး လုပ်ငန်းများကို စဉ်ဆက်မပြတ် လုပ်ဆောင်လျက်ရှိရာ အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရေးအတွက် အစည်အဝေးကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တနင်္သာရီမြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်ပါက အရေးပေါ်အသုံးပြုရန် သံခွံစက်လှေ (နှစ်) စီးလွှဲပြောင်းပေးအပ်
Mar 19,2020
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်ပါက ဘေးသင့်ပြည်သူများကို ကယ်ဆယ်ရန်နှင့် ကယ်ဆယ်ရေးပစ္စည်းများကို အလွယ်တကူ ထောက်ပံ့ပို့ဆောင်ရာမှာ အရေးပေါ်အသုံးပြုရန်အတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ရန်ပုံငွေဖြင့် ထူးထက်ရှိန် ကုမ္ပဏီမှတာဝန်ယူ တည်ဆောက်ပြီးခဲ့သော သံခွံစက်လှေ(၂)စီး အား မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီထံသို့ လွှဲပြောင်းပေးအပ်ပွဲအခမ်း အနားကို ယမန်နေ့ နံနက် (၁၁) နာရီအချိန်က တနင်္သာရီမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမအတွင်းကျင်းပရာ အခမ်းအနားသို့ မြိတ်ခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ချိုနှင့်ဝန်ထမ်းများ၊ မြို့နယ်သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးစိုးဝင်းနိုင်နှင့် ကော်မတီဝင်မြို့နယ်ဌာနဆိုင်ရာ ဦးစီးမှူးများ၊ ရပ်မိရပ်ဖများနှင့် မြို့နယ်ကြက်ခြေနီကော်မတီဥက္ကဋ္ဌနှင့် ထူးထက်ရှိန်ကုမ္ပဏီပိုင်ရှင် ဦးတင်ရှိန်စသဖြင့် (၂၅) ဦး တက်ရောက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
တောင်ဥက္ကလာပမြို့နယ်၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်ရန် ပညာပေး လက်ကမ်း စာစောင်များဖြန့်ဝေ
Mar 19,2020
တောင်ဥက္ကလာပမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ အေးအေးမိုး၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဝန်ထမ်းများနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များက
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
280
Page
281
Page
282
Page
283
Current page
284
Page
285
Page
286
Page
287
Page
288
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department