Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
ဝေးလံခေါင်ဖျားဒေသသတင်းများ
Breadcrumb
Home
>
မော်လမြိုင်ကျွန်းမြို့နယ်တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ
Mar 20,2020
လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဦးဆောင်၍ ကိုရိုနာ ဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်ရေး နည်းလမ်းများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရေးအတွက် မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် လူမှုရေးအဖွဲ့များ ပူးပေါင်းကာ လူစည်ကားရာ သင်္ဘောဆိပ်၊ ကားဂိတ်နှင့် မြို့မဈေးကြီးအတွင်းတွင် ပြည်သူများအား လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် လက်ဆေးနည်းစနစ် အသိပညာပေးခြင်း လုပ်ငန်းများကို ယမန်နေ့နံနက်ပိုင်းက စတင်ဆောင်ရွက်ခဲ့ သည်။
အပြည့်အစုံ ဖတ်ရန်
ကမ်းပြိုဘေးသင့် ပြည်သူများအားထောက်ပံ့
Mar 20,2020
ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရေစကြိုမြို့နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက ယမန်နေ့ ညနေ ၃ နာရီခွဲအချိန်က ချင်းတွင်းမြစ်ရေတိုက်စားမှုကြောင့် နွယ်နီကျေးရွာအုပ်စု၊ နွယ်နီကျွန်းကျေးရွာ ကမ်းပြိုဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဆင်ပေါင်ဝဲမြို့နယ် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း မြို့နယ်လျှပ်စစ်ရုံးတွင် မီးဘေးလုံခြုံရေး အသိပညာပေးခြင်း နှင့် သရုပ်ပြဇာတ်တိုက်လေ့ကျင့်
Mar 20,2020
မကွေးတိုင်းဒေသကြီး ၊ သရက်ခရိုင် ၊ ဆင်ပေါင်ဝဲမြို့နယ် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း မြို့နယ်လျှပ်စစ်ရုံးတွင် မီးဘေးလုံခြုံရေး အသိပညာပေးခြင်းနှင့် သရုပ်ပြဇာတ်တိုက် လေ့ကျင့်ခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာန မှ ဦးစီးမှူး နှင့် တပ်ဖွဲ့ဝင်များသည် မီးဘေးကြိုတင်ကာကွယ်ရေး သရုပ်ပြခြင်းကို ယမန်နေ့ ညနေပိုင်းက ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
အင်းတော်မြို့ အောင်မင်္ဂလာအောက်ပိုင်း ကွန်ကရစ်လမ်း (၅) လမ်း ဆောင်ရွက်မှုပြီးစီး လမ်းဖွင့်ပွဲ အခမ်းအနားကျင်းပ
Mar 20,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့ အောင်မင်္ဂလာရပ်ကွက်(အောက်ပိုင်း) တွင် မြို့နယ်စည်ပင်သာယာရေးကော်မတီ၏ ထောက်ပံ့မှုဖြင့် ကိုယ့်အားကိုယ်ကိုး ကွန်ကရစ်လမ်း (၅) လမ်း ဆောင်ရွက်ပြီးစီးခဲ့ပြီဖြစ်သည်။
အပြည့်အစုံ ဖတ်ရန်
ပွင့်ဖြူမြို့နယ် ရေပုတ်ကြီးကျေးရွာတွင် မြန်မာ့ရိုးရာ အခြေခံကဗျာလွတ်အကသင်တန်းဆင်းပွဲ ကျင်းပ
Mar 19,2020
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးဖွင့်လှစ်သော မြန်မာ့ရိုးရာ အခြေခံကဗျာလွတ် အကသင်တန်းဆင်းပွဲကို ယနေ့ မွန်းလွဲ ၂ နာရီက ပွင့်ဖြူမြို့နယ် ရေပုတ်ကြီးကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်း၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ကမ္ဘာ့ကပ်ရောဂါ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး လုပ်ငန်းများဆောင်ရွက်
Mar 19,2020
ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်အတွင်း ပြည်သူများ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်မှုအန္တရာယ်မှ ကင်းဝေးစေရေးနှင့် ရောဂါကြိုတင်ကာကွယ်ခြင်းနည်းလမ်းများ၊ ရောဂါ ကူးစက်နိုင်ခြေရှိသည့်နည်းလမ်းများ၊ သံသယဖြစ်ဖွယ်ရောဂါလက္ခဏာများ ပါဝင်သည့် အသိပညာပေး လက်ကမ်းစာစောင်များနှင့် နှာခေါင်းစည်း(Mask)များ အခမဲ့ဝေငှပေးခြင်းကို ယနေ့ နံနက်(၉)နာရီက လှည်းကူး-ဒါးပိန်လမ်းမ မြို့နယ်စည်ပင်သာယာရေး ကော်မတီ အဖွဲ့ရုံး ရှေ့တွင် အသိပညာပေးလုပ်ငန်းများအား ဝိုင်းဝန်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကံပွင့်မိသားစုမှ ဥက္ကံကျေးရွာသို့ သောက်သုံးရေများလှူဒါန်း
Mar 19,2020
ရေစကြိုမြို့နယ် ဥက္ကံကျေးရွာသို့ ယနေ့ နံနက် ၉ နာရီက ကံပွင့်မိသားစုမှ သောက်သုံးရေများ လှူဒါန်းခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကိုရိုနာဗိုင်းရပ်စ်ကြိုတင်ကာကွယ်ရေး လက်ကမ်းစာစောင်နှင့် ပိုစတာများ ပခုက္ကူမြို့နယ်တွင် ဖြန့်ဝေ
Mar 19,2020
ပခုက္ကူမြို့နယ် ကျန်းမာရေးဌာနနှင့် ပရဟိတအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များစုပေါင်း၍ COVID-19 ကြိုတင်ကာကွယ်ရေးအသိပညာပေး လက်ကမ်းစာစောင်နှင့် ပိုစတာများကို ယနေ့ နံနက် (၉)နာရီက ပခုက္ကူမြို့၌ဖြန့်ဝေခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
276
Page
277
Page
278
Page
279
Current page
280
Page
281
Page
282
Page
283
Page
284
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department