ဝေးလံခေါင်ဖျားဒေသသတင်းများ

Mar 31,2020
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနက ဝန်ထမ်း များသည် ယမန်နေ့ နံနက်ပိုင်းအချိန်မှ စတင်ကာ ညောင်ဦးခရိုင်အတွင်းရှိ ရပ်ကွက် ကျေးရွာ များသို့ COVID-19 ရောဂါကူးစက်ပျံ့နှံ့မှု ထိန်းချုပ်နိုင်ရေးအတွက် ပြည်သူလူထုသိရှိ လိုက်နာ ရမည့်အချက်များကို လိုက်လံအသိပေးနှိုးဆော်လျက်ရှိသည်။
Mar 31,2020
လတ်တလောအသက်ရှုလမ်းကြောင်းဆိုင်ရာ COVID-19 ရောဂါ ကူးစက်ပျံ့နှံ့မှု မဖြစ်ပွားစေရေးနှင့် ကြိုတင် ကာကွယ်စေရေးအတွက် ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်၌ ပြည်ပမှ ပြန်လည်ရောက်ရှိလာသူ ၇၈ဦးကို Community based Facility Quarantine (၁၄)ရက် သတ်မှတ်၍ စောင့်ကြပ်ကြည့်ရှုလျက်ရှိပြီး၊ ပြည်ပမှ ပြန်လာသူများအနေဖြင့် မိမိတို့၏ သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းများသို့ အချိန်မီသတင်းပို့ကြရန်၊ မှန်ကန်သောသတင်းအချက်အလက်များ ပေးပို့ကြရန် အကြောင်း ကြားထားပြီး စည်းကမ်းလိုက်နာမှုမရှိပါက ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယမန်နေ့နံနက် ၁၀ နာရီက COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး မြို့နယ်အဆင့်လုပ်ငန်းကော်မတီ အစည်းအဝေးမှ သိရသည်။
Mar 20,2020
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ စည်ပင်သာယာရေးကော်မတီမှ မြို့နယ် အတွင်းနေထိုင်သူများ အနံ့အသက်ကင်းဝေး၍ ကျန်းမာရေးနှင့် ညီညွတ်စွာ နေထိုင်နိုင်ရန်အတွက် ယမန်နေ့က မြို့နယ်စည်ပင်သာယာရေးကော်မတီ၊ ပတ်ဝန်းကျင် သန့်ရှင်းရေးဌာနမှ ဝန်ထမ်းများသည် မြို့နယ်အတွင်းရှိ အမှိုက်ပုံးများအား အနံ့အသက်ကင်း၍ သန့်ရှင်းစေရန်၊ ရေဆေးကြောသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
Mar 20,2020
အမာမြို့၌ ကိုရိုနာဗိုင်းရပ်စ်(COVID-19)ရောဂါကူးစက်မှု ကာကွယ်နိုင်စေရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ဝေသော အသိပညာပေး လက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက ဖြန့်ဝေ၍ အသိပညာပေးခဲ့ကြောင်း သိရသည်။
Mar 20,2020
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ဇီးကုန်းမြို့နယ်၌ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာအဖွဲ့နှင့်ဌာနဆိုင်ရာများ ပူးပေါင်း၍ ယနေ့နံနက်က ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေး ကျန်းမာရေး အသိပညာပေး လုပ်ငန်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Mar 20,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်၊ ကုက္ကိုကုန်းကျေးရွာတွင် ဒေသခံပြည်သူများ ကျန်းမာရေးစောင့်ရှောက်မှု လွယ်ကူအဆင်ပြေစေရေး (၁၆)ကုတင်ဆန့် တိုက်နယ်ဆေးရုံနှင့် ဝန်ထမ်းအိမ်ရာကို (၁၈.၄.၂ဝ၁၉) မှစတင်၍ မြင့်မိုရ်သိင်္ခကုမ္ပဏီမှ တာဝန်ယူ ဆောက်လုပ်လျက် ရှိရာ ၃၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမြင့်ဖေထံမှ သိရသည်။
Mar 20,2020
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းလုပ်ငန်းကို ယနေ့မွန်းလွဲ ၁၂ နာရီက ဂန့်ဂေါ အ.ထ.က၊ အ.ထ.က(မြို့မ)နှင့် အ.ထ.က(ရှုံးရှီ)စသည့် စာစစ်ဌာနများ၌ စာမေးပွဲပြီးဆုံးချိန်များတွင် လက်ကမ်း စာစောင်များ ဖြန့်ဝေခဲ့သည်။
Mar 20,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့တွင် ခရီးသည်တင်မှန်လုံယာဉ်ပေါ်မှ အင်ခွဲသား(၇)တန်ကျော် ဖမ်းဆီးရမိကြောင်း ရွှေဘိုမြို့မရဲစခန်းမှုး ဒုရဲမှူး သိန်းဆန်းဦးထံမှ သိရသည်။