ဝေးလံခေါင်ဖျားဒေသသတင်းများ

Mar 31,2020
အလှူရှင်များမှ COVID-19 ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရေးအတွက် ညောင်ဦးခရိုင်အဆင့်လုပ်ငန်းကော်မတီသို့ ညောင်ဦးမြို့နယ်အတွင်းရှိ စေတနာရှင်၊ အလှူရှင်၊ လုပ်ငန်းရှင်များ၊ အသင်းအဖွဲ့များ နှင့်ဌာန ဆိုင်ရာများမှ အလှူငွေများနှင့် ဆေးရုံသုံး ပစ္စည်းများ လှူဒါန်းခြင်းကို မတ်လ ၃၀ ရက်နေ့ ညနေ ၄နာရီခွဲအချိန်က ညောင်ဦးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် လာရောက်လှူဒါန်းခဲ့ကြောင်းသိရသည်။
Mar 31,2020
မင်းဘူးမြို့၊ အ.ထ.က (၁) ကျောင်းနှင့် အ.ထ.က (၂) ကျောင်းတို့တွင် ပြည်ပမှ ပြန်လည် ရောက်ရှိလာသူ (၁၇၉)ဦးအား COVID-19 ရောဂါကြိုတင်ကာကွယ်၊ ထိန်းချုပ်နိုင်ရေးကို ထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် မြို့နယ် ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ နေ့စဉ် (၂)ကြိမ်နှုန်းဖြင့် စဉ်ဆက်မပြတ် ကျန်းမာရေး စောင့်ရှောက်မှု အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
Mar 31,2020
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ စလင်းမြို့နယ် အပူပိုင်းဒေသ စိမ်းလန်းစိုပြေရေး ဦးစီးဌာနမှ သဘာဝတောကျန်များ ထိန်းသိမ်း ကာကွယ်ခြင်း လုပ်ငန်းအရှေ့ကြိုးဝိုင်းအမှတ် (၄၂/၄၃)(၁၀၀ဧက) မှ ၂၀၁၉-၂၀၂၀ဘဏ္ဍာနှစ် (တတိယနှစ်) အတွက် ထင်း(၁၅.၆၈)တန်ကို ကျွန်းချောင်းကျေးရွာနှင့် ညောင်ဇင်ကျေးရွာရှိ ဒေသခံပြည်သူ များအား ယမန်နေ့ညနေ‌ ၃ နာရီအချိန်က မဲချ၍ အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
Mar 31,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် COVID-19 ရောဂါကြိုတင် ကာကွယ်နိုင်ရေးအတွက် အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက စတင်၍ ဒေးဒရဲမြို့အတွင်းရှိ ဌာနဆိုင်ရာရုံးများ၊ ဈေးများ နှင့်လူစည်ကားရာနေရာများတွင် စနစ်တကျလက်ဆေးနည်း အသိပညာပေးစာစောင်များကပ်၍ လက်ဆေးဘေစင်များထားရှိ ပေးခြင်း၊ ဒေးဒရဲမြို့အဝင် စစ်ဆေးရေးဂိတ်တွင် ခရီးသွားများအား ကိုယ်အပူချိန်တိုင်းတာ ပေးခြင်းနှင့် အသိပညာပေးလုပ်ငန်းများ
Mar 31,2020
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းသို့ ဖြတ်သန်းစီးဆင်းလျက်ရှိသော ချင်းတွင်းမြစ်ကြောင်း တစ်လျှောက် လူစီးအမြန်ရေယာဉ်များနှင့်ကုန်တင်ရေယာဉ်များ အန္တရာယ်ကင်းရှင်းစွာ သွားလာ နိုင်စေရန် ယခုဘဏ္ဍာရေးနှစ်အတွင်း တစုန်းတန်ချိန် (၅၅)တန်ကို နှုတ်ပေးနိုင်ခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန (ရေလမ်း သတ်မှတ်ရေး)မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်စိုးဝင်းထံမှ သိရသည်။
Mar 31,2020
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ဘုရားသုံးဆူမြို့၊ မြို့ပေါ်ရပ်ကွက်(၄)ခုရှိ ထိုင်းနိုင်ငံမှပြန် လာသော နေရပ်ပြန်အလုပ်သမားများအား ဘုရားသုံးဆူမြို့ ကျေးလက်ကျန်းမာရေးဌာနဝန်ထမ်းများမှ အိမ်တိုင်ရာ ရောက် ကျန်းမာရေး စစ်ဆေးခြင်း၊ အပူချိန်တိုင်းကရိယာဖြင့်
Mar 31,2020
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် သဒ္ဓါပုဗ္ဗဂ်မ ပရဟိတ လူမှုကူညီရေး အဖွဲ့ဝင်များက လက်သန့်ဆေးရည်ဖျန်းပေးခြင်း၊ နှာခေါင်းစည်း အခမဲ့ဝေငှခြင်းကို ယနေ့ နံနက်ပိုင်းက ကျောင်းကုန်း မြို့မဈေးအနီး အနှေးယာဉ်ဂိတ်၌ ပြုလုပ်ခဲ့ကြသည်။
Mar 31,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ပြည်ပမှ ပြန်လည် ရောက်ရှိ လာသူများအား COVID-19 ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေး၊ ကုသမှု ဆောင်ရွက်နိုင်ရေး အတွက် (၁၄)ရက် အသွားအလာ ကန့်သတ်စောင့်ကြပ် ကြည့်ရှုရန် စီစဉ် ပေးထားကြောင်း မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။