ဝေးလံခေါင်ဖျားဒေသသတင်းများ

Aug 13,2020
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေစဉ် ကာလအတွင်း ပုံမှန်ဝင်ငွေ မရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် နိုင်ငံတော်အစိုးရမှ ထောက်ပံ့ငွေများ ပေးအပ်ခြင်း အခမ်းအနား ကို ယမန်နေ့ နံနက် ၁၁ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန မလိခ အစည်းအဝေး ခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့သည်။
Aug 13,2020
ချင်းပြည်နယ် ဖလမ်းခရိုင် တီးတိန်မြို့နယ် ခိုင်ကမ်းမြို့ အသက် (၆) လမှ (၅) နှစ်အောက် ကလေးငယ်များ ရောဂါကာကွယ်ရန် လိုအပ်သော ဗီတာမင် (အေ) နှင့် သံချဆေးများကို ယနေ့နံနက် ၉ နာရီအချိန်မှစ၍ ကျေးလက်ကျန်းမာရေးဌာနခွဲ (ခိုင်ကမ်း) တွင် ဆေးတိုက်ကျွေးခြင်း လုပ်ငန်း ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
Aug 13,2020
စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့တွင် ကလေးငယ်များ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လုပ်ရှားမှု ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၉ နာရီက ခန္တီးမြို့မ ဘုန်းတော်ကြီး ကျောင်းဓမ္မာရုံတွင် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
Aug 13,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ် စီမံကိန်းဦးစီးရုံး အဆောက်အဦသစ် ဆောက် လုပ်ခြင်းလုပ်ငန်းမှာ (၉၀)ရာခိုင်နှုန်းအထိ ပြီးစီးပြီဖြစ်ကြောင်း သိရှိရသည်။
Aug 13,2020
၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် မတူပီခရိုင် လွှတ်တော် ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းလွှာများ စိစစ်ခြင်းဒုတိယနေ့ကို ယမန်နေ့ နံနက် ၁၀ နာရီက ခရိုင်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး အစည်းအဝေး ခန်းမ၌ ဆက်လက်ကျင်းပပြုလုပ်ကြောင်း သိရသည်။
Aug 12,2020
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ကွန်ကောက်ကျေးရွာတွင်စီမံချက်ဝန်ထမ်းများ ဦးဆောင် သော မိခင်ခေါင်းဆောင် လစဉ်ပုံမှန်ဆွေးနွေးပွဲကို ယနေ့ နံနက်( ၁၀ ) နာရီအချိန်က မိုင်းငေါ့မြို့ ကွန်ကောက်ကျေးရွာ ရှမ်းစာသင်ကျောင်း၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။
Aug 12,2020
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မြို့လှမြို့ အခြေခံပညာ အထက်တန်းကျောင်းသို့ ယနေ့နံနက် ၁၀ နာရီက ကိုဗစ်−၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး မြို့အဆင့် လုပ်ငန်းကော်မတီအဖွဲ့သည် Social Distancing နှင့်အညီ ပညာသင်ကြားနေမှုနှင့် စံချိန်စံညွှန်းများ နှင့်အညီ ပြင်ဆင်ဆောင်ရွက် ထားရှိမှုများ အခြေအနေများကို စစ်ဆေး ဆောင်ရွက် ခဲ့ကြကြောင်း သိရှိရသည်။
Aug 12,2020
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်၌ အခြေခံမဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေးအတွက် ရပ်ကွက်/ကျေးရွာများအလိုက် စာရင်း ကောက်ယူရေးအဖွဲ့များ ဖြင့် တစ်အိမ်တက်ဆင်း စာရင်းကောက်ယူ လျက်ရှိရာ ယနေ့နံနက်က မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမျိုးထွန်း ဦဆောင်၍ စာရင်းကောက်ယူရေးအဖွဲ့က သာယာကျေးရွာသို့ သွားရောက်၍ မဲဆန္ဒရှင်စာရင်းများ သွားရောက်ကောက်ယူခဲ့ကြောင်း သိရသည်။