ဝေးလံခေါင်ဖျားဒေသသတင်းများ

Aug 13,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ရှင်ဗွေယန်မြို့ ပြည်သူ့စာကြည့်တိုက်တွင် လာရောက် စာပေဖတ်ရှု လေ့လာနေသည့် စာဖတ်ပရိတ်သတ်များ စာပေဗဟုသုတများ ပိုမိုတိုးပွားလာစေရေးအတွက် ရှင်ဗွေယန်မြို့ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းအဖွဲ့ဝင်များက ယနေ့နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်သို့ သုတ/ ရသ စာအုပ်များ လာရောက် လှူဒါန်းခဲ့သည်။
Aug 13,2020
ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ထန်တလန်မြို့၌ ပြည်သူများအပိုဝင်ငွေရရှိသည့် အိမ်မွေးဝက်များ Porcine Circovirus Type-2 (PCV-2)ကြောင့် သေဆုံးမှုဖြစ်ပွားလျက်ရှိရာ ဧပြီလ ၂၀ ရက်နေ့မှ ယနေ့အထိ ဝက်(၁၃၆၀) ကောင် သေဆုံးမှုဖြစ်ပွားလျက်ရှိကြောင်း ထန်တလန်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၏ စာရင်းကောက်ယူချက်အရသိရသည်။
Aug 13,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် မွေးကင်းစမှ အသက်(၅)နှစ်အောက် ကလေးမျာနှင့် ကျောင်းမနေကလေးသူငယ်များအား သန်ချဆေး နှင့် Vitamin A တိုက်ကျွေးခြင်းလုပ်ငန်းကို ယနေ့နံနက်၌ တိုးချဲ့(၂)ရပ်ကွက် စာသင်ကျောင်းတွင် တိုက်ကျွေးခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့သည်။
Aug 13,2020
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်၌ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းများကို ပထမအကြိမ်အဖြစ် ဇူလိုင်လ ၂၅ ရက်မှ စတင်၍ ကပ်ထားကြေညာပြီး ဩဂုတ် ၁၄ ရက်အထိ ထပ်တိုးကြေညာသော်လည်း စိတ်ဝင်စားစွာ လာရောက်ကြည့်ရှု သူ နည်းပါးသည့်အတွက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမျိုးထွန်း ဦးဆောင်၍ ဌာနဆိုင်ရာများ၊ မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင်များ ပူးပေါင်းကာ ရပ်ကွက်(၂)ရပ်ကွက်၊ ကျေးရွာ(၁၄)ရွာသို့ အိမ်တိုင် ရာရောက် လိုက်လံစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Aug 13,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့တွင် ယခင်က ကျောက်ခင်း မြို့ပတ်လမ်းအပေါ် အဆင့်မြှင့်တင်ခြင်းကွန်ကရစ်ခင်းခြင်း လုပ်ငန်းဆောင်ရွက်ခဲ့ရာ ၎င်းလုပ်ငန်းပြီးစီး မှုအခြေအနေတို့အား ယမန်နေ့ မွန်းလွှဲ ၂ နာရီအချိန်က မြို့နယ်အရည်အသွေး စိစစ်ရေးအဖွဲ့က ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
Aug 13,2020
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ် ကန်ကျေးရွာသို့ ကျေးရွာမတည်ရန်ပုံငွေ (VRFP) စီမံကိန်းဖြင့် ချေးငွေထုတ်ချေးပေးနိုင်ရန် ဂန့်ဂေါမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ကျေးရွာလူထုတို့သည် ယမန်နေ့ နံနက် ၉ နာရီက ကန်ကျေးရွာဓမ္မာရုံ၌ တွေ့ဆုံဆွေးနွေးကြသည်။
Aug 13,2020
အိန္ဒိယနိုင်ငံမှ နေရပ်ပြန်လာသူ မြန်မာနိုင်ငံသား ၁၀ ဦးတို့သည် ရိခေါ်ဒါရ်မြို့ရှိ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံနယ်စပ်မှတစ်ဆင့် ယမန်နေ့က ရိခေါ်ဒါရ်မြို့သို့ ရောက်ရှိ လာကြပြီး အသွားအလာ ကန့်သတ်စောင့်ကြည့်ရန် သက်ဆိုင်ရာ Facility Quarantine နေရာအသီးသီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
Aug 13,2020
ခေါင်လန်ဖူးမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများတွင် မဲဆန္ဒရှင်စာရင်းများကို ဇူလိုင်(၂၅) ရက်နေ့မှစ၍ ကပ်ထားကြေငြာလျက်ရှိရာ မဲစာရင်းများတွင် အချက်အလက်များ မှန်ကန်မှုရှိစေ‌ရေး အတွက် မဲဆန္ဒရှင်များက လာရောက်ကြည့်ရှုကြပြီး ပြင်ဆင်လို့သည့်အချက်အလက်များကို သက်ဆိုင်ရာ ရပ်ကွက်နှင့်ကျေးရွာ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် လျှောက်ထားလျက်ရှိကြောင်း သိရသည်။