Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
ဝေးလံခေါင်ဖျားဒေသသတင်းများ
Breadcrumb
Home
>
ချီဖွေမြို့ စခန်း (၂) ခုရှိ တိုက်ပွဲရှောင်ပြည်သူများအား ကိုဗစ် - ၁၉ စီးပွားရေးကုစားမှု အစီအစဉ် (CERP) အရ ထောက်ပံ့ငွေပေးအပ်
Sep 18,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ်တွင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာနမှ ဘေးအမျိုးမျိုး ကြုံတွေ့နေရသူများအား လတ်တလောသက်သာချောင်ချိရေး ဆောင်ရွက်ပေးခြင်းနှင့် (IDPs) စခန်းများတွင် နေထိုင်သူများအား စားနပ်ရိက္ခာအပါအဝင် အခြေခံလိုအပ်ချက်များ ထောက်ပံ့ငွေပေးအပ်ခြင်းကို စက်တင်ဘာ(၁၆)ရက်နေ့ နံနက် (၉)နာရီခွဲတွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
ကချင်ပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ တနိုင်းမြို့နယ်အတွင်းရှိ တိုက်ပွဲရှောင် ပြည်သူများအား တစ်အိမ်ထောင်လျှင် ငွေကျပ်လေးသောင်းနှုန်းဖြင့် ဒုတိယအကြိမ် ထောက်ပံ့
Sep 18,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်ပြည်သူများအတွက် ပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ သြဂုတ်လ(၂၉)ရက်နေ့က တစ်အိမ်ထောင် လျှင် ငွေကျပ်(၄၀၀၀ဝိ) နှုန်းနှင့် အိမ်သုံးပစ္စည်(၄)မျိုး ထောက်ပံ့ပေးအပ်ခဲ့ပြီးဖြစ်ရာ ယခုအခါ ဒုတိယအကြိမ်အဖြစ် တစ်အိမ်ထောင်လျှင် ငွေကျပ်(၄၀၀၀ဝိ)နှုန်းဖြင့် ပြန်လည်ထောက်ပံ့ခြင်းကို ယမန်နေ့ မွန်းလွဲ(၅) နာရီအချိန်က သက်ဆိုင်ရာ တာဝန်ရှိသူများမှ မြို့နယ်အတွင်းရှိ KBC/RC/AG/COC ဘုရားကျောင်းများတွင် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဖရူဆိုမြို့မဈေး၌ ဝင်ထွက်သွားလာနေသော ပြည်သူများ နှာခေါင်းစည်း(Mask) တပ်ဆင်ခြင်းရှိ/မရှိ စစ်ဆေးခြင်းနှင့် စနစ်တကျတပ်ဆင်ရေး အသိပညာပေးဆောင်ရွက်
Sep 18,2020
ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ ဖရူဆိုမြို့နယ် မြို့မဈေးတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ် ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီဝင် ဌာနဆိုင်ရာများနှင့် ဈေးကော်မတီတို့ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရန် နှာခေါင်းစည်း (Mask) တပ်ဆင်ခြင်း ရှိ/ မရှိ စစ်ဆေးခြင်းနှင့် (Mask) စနစ်တကျ တပ်ဆင်အသုံးပြုနိုင်ရေး အသိပညာပေးခြင်းကို ယနေ့ နံနက် (၇) နာရီခွဲအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဟားခါးမြို့၌ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ရေးကာလအတွင်း KTV ဖျော်ဖြေရေးဆိုင်များ ဖွင့်လှစ်နေခြင်း ရှိ၊မရှိ ရှောင်တခင်စစ်ဆေး
Sep 18,2020
ဟားခါးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်နိုင်ရေးအတွက် KTV ဖျော်ဖြေရေးဆိုင်များအား ချင်းပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လမ်းညွှန်ချက်များ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ခြင်းရှိ၊မရှိကို စစ်ဆေးရေးအဖွဲ့မှ ယမန်နေ့ ည ၇နာရီခွဲအချိန်က ဟားခါးမြို့၊ KTV ဖျော်ဖြေရေးဆိုင်များအား ရှောင်တခင်ကွင်းဆင်း စစ်ဆေးခဲ့ကြောင်းသိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျီခါးမြို့၌ လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေးအသိပညာပေး Talk Show ကို Online မှတစ်ဆင့် ကျင်းပ
Sep 17,2020
ချင်းပြည်နယ် ၊ ကျီခါးမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ လူကုန်ကူးမှု အန္တရာယ်တားဆီး ကာကွယ်ရေး အသိပညာပေး Talk Show ကို ယနေ့နံနက်(၁၀)နာရီ အချိန်က ကျင်းပပြု လုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မင်းတပ်မြို့၌ အသက်ငါးနှစ်အောက်ကလေးငယ်များအား ဗီတာမင်အေ အာဟာရ ပြည့်ဝမှု ရှိ/မရှိ စစ်ဆေး
Sep 17,2020
မင်းတပ်မြို့မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ အသက်ငါးနှစ်အောက်ကလေးငယ်များအား ဗီတာမင်အေ အာဟာရ ပြည့်ဝမှု ရှိ/မရှိ စစ်ဆေးခြင်းကို ယနေ့နံနက် (၁၀) နာရီအချိန်က အရှေ့ပြင်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ပြုလုပ်ဆောင်ရွက်သည်။
အပြည့်အစုံ ဖတ်ရန်
လိုင်လင်းပီမြို့၌ ည(၁၂)နာရီမှ နံနက် (၄)နာရီအတွင်း "ညမထွက်ရအမိန့်" ထုတ်ပြန်ကြေညာချက်အား ပြည်သူများ သိရှိလိုက်နာနိုင်စေရေး အသိပညာပေး
Sep 17,2020
ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ လိုင်လင်းပီမြို့၌ ကိုဗစ်-၁၉ ရောဂါကူစက်ခံရမှု မရှိစေရေးနှင့် အချိန်မီ ကာကွယ်ထိန်းချုပ်နိုင်ရေး ရည်ရွယ်ချက်တို့ဖြင့် ညမထွက်ရ ဒေသန္တရအမိန့်ကို ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ(၁၅)ရက်နေ့က မတူပီမြို့နယ်၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၏ ရုံးအမိန့်စာအမှတ် (၁၃/၂၀၂၀)ဖြင့် ထုတ်ပြန်ကြေညာခဲ့ရာ အဆိုပါ အမိန့်စာအား အများပြည်သူ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရန်အတွက် လိုင်လင်းပီမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်လျက်ရှိ သည်။
အပြည့်အစုံ ဖတ်ရန်
ဆွမ်ပရာဘွမ်မြို့နယ်၌ ဆွမ်ပရာဘွမ်မြို့နယ်၌ ကိုဗစ် - ၁၉ ရောဂါကူးစက်ပြန့်ပွားမှုမဖြစ်ပေါ် စေရေး Mask Campaign ဆောင်ရွက်
Sep 17,2020
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်၌ ကိုဗစ် - ၁၉ ရောဂါကူးစက်ပြန့်ပွားမှု မဖြစ်ပေါ် စေရေးအတွက် Mask Campaign ကို ယနေ့နံနက် ၁၁ နာရီခန့်က စည်ပင်ဈေးနှင့် ကျန်းမာရေးစစ် ဆေးရေးဂိတ်တွင် မြို့နယ်အဆင့်ကိုဗစ်-၁၉ ကူးစက် ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်း ကော်မတီဥက္ကဋ္ဌ ဦးဇာနည်တိုးနှင့် ကော်မတီဝင်များက ဖြန့်ဝေခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
187
Page
188
Page
189
Page
190
Current page
191
Page
192
Page
193
Page
194
Page
195
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department