Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
ဝေးလံခေါင်ဖျားဒေသသတင်းများ
Breadcrumb
Home
>
ပူတာအိုခရိုင် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း စည်းဝေး
Sep 19,2020
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရန်အတွက် ခရိုင် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက်(၁၀)နာရီက ခရိုင်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျေးသီးမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အတွက် နှာခေါင်းစည်းများအား “ယခုဝယ် ယခုတပ်စနစ်” ဖြင့် အသိပညာပေးခြင်း ဆောင်ရွက်
Sep 19,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့၌ ကိုဗစ်-၁၉ ရောဂါ မဖြစ်ပွားစေရေး ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ယမန်နေ့ညနေပိုင်းက ပြည်သူ့ဆေးရုံ ရှေ့ အခြေခံပညာ အထက်တန်းကျောင်းရှေ့နှင့် လမ်းဆုံများတွင် ရှောင်တခင်စစ်ဆေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းရှူးမြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများအား တစ်အိမ်ထောင်စုလျှင် ငွေကျပ်(၂၀,၀၀၀)နှုန်းဖြင့် တတိယအကြိမ် ထောက်ပံ့ငွေများပေးအပ်
Sep 19,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းရှူးမြို့နယ် အတွင်းပုံမှန်ဝင်ငွေမရှိသော ပြည်သူများအတွက် နိုင်ငံတော်အစိုးရမှ အိမ်ထောင်စုတစ်စုလျှင် ငွေကျပ်(၂၀၀၀၀) နှုန်းဖြင့် တတိယအကြိမ် ထောက်ပံ့ငွေများကို စက်တင်ဘာ ၁၈ ရက်နေ့မှစ၍ ရပ်ကွက်/ကျေးရွာအလိုက် ပေးအပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မဖြစ်ပွားစေရေး ကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့် သဘာဝဘေး အန္တရာယ်ဆိုင်ရာ အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Sep 18,2020
ကယားပြည်နယ် လွိုင်ကော်ခရိုင်၊ ဖရူဆိုမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါ ကူးစက်ပျံ့ပွားမှု မဖြစ်ပေါ်စေရေး ကြိုတင်ကာကွယ်လုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိရာ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန အကြီးတန်းစာရေး ဦးစိုင်းခိုင်ဝင်းနှင့် ဝန်ထမ်းများက ယနေ့ နံနက်ပိုင်းက မြို့မကျေးရွာ အုပ်စုနှင့် ထီးပေါ်ဆိုကျေးရွာအုပ်စုတို့တွင် အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရ သည်။
အပြည့်အစုံ ဖတ်ရန်
ရှားတောမြို့၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ
Sep 18,2020
ကယားပြည်နယ်၊ ရှားတောမြို့နယ်တွင် ပြည်သူများ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ဆိုင်ရာ အသိပညာဗဟု သုတရရှိစေရန်နှင့် မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်များကို စည်းကမ်းတကျ မောင်းနှင် အသုံးပြုနိုင်ရန် ရည်ရွယ်၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ယာဉ်စည်း ကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာ ပေးလက်ကမ်းစာစောင် များ ဖြန့်ဝေခြင်းကို ယနေ့ နံနက်(၁၀)နာရီချိန်က ဈေးပိုင်းရပ်ကွက် ဗိုလ်ချုပ်လမ်းနှင့် ဘုရင့်နောင်လမ်းတို့တွင် ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဖရူဆိုမြို့၌ ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များ ထိရောက်စွာ ကြီးကြပ်ကွပ်ကဲနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Sep 18,2020
၂၀၂၀ ပြည်နှစ် နိုဝင်ဘာ(၈)ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဖရူဆိုမြို့နယ် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များအား ရပ်ကွက်ကျေးရွာအုပ်စုများအလိုက် ရွေးကောက်ပွဲ ဆိုင်ရာ လုပ်ငန်းစဉ်များကို ထိရောက်စွာ ကြီးကြပ် ကွပ်ကဲနိုင်ရေး နယ်မြေများ ခွဲဝေ သတ်မှတ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းက မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ရွာသစ်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် နယ်စပ် ပူးပေါင်းစစ်ဆေးရေးဂိတ်သို့ ခရိုင်အုပ်ချုပ်ရေးမှူး ကွင်းဆင်းကြည့်ရှုစစ်ဆေး
Sep 18,2020
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ရွာသစ်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် စစ်ဆေးရေးဂိတ်များ ဖွင့်လှစ်၍ နေ့စဉ် ကျန်းမာရေးစစ်ဆေးမှု လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်လျက်ရှိရာ ယနေ့ နေ့လယ် (၂) နာရီအချိန်က ဘောလခဲခရိုင် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ခရိုငအုပ်ချုပ်ရေးမှူး ဦးသိန်းအောင်နှင့် ခရိုင်၊ မြို့နယ်အဆင့် ကော်မတီဝင် များက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရွာသစ်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမဖြစ်ပွားစေရေး စစ်ဆေးဆောင်ရွက်နေသည့် ပူးပေါင်း စစ်ဆေးရေးဂိတ်အတွက် လက်ဆေးဘေစင်နှင့် ဆက်စပ်ပစ္စည်းများထောက်ပံ့
Sep 18,2020
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ရွာသစ်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး စစ်ဆေးရေးဂိတ်များ ဖွင့်လှစ်၍ ကျန်းမာရေးစစ်ဆေးခြင်း လုပ်ငန်းများကို နေ့/ည စစ်ဆေးဆောင်ရွက် လျက်ရှိရာ ယနေ့ နံနက်ပိုင်းက ပူးပေါင်းစစ်ဆေးရေးဂိတ်သို့ လက်ဆေးဘေစင်နှင့် ဆက်စပ်ပစ္စည်းများ ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
185
Page
186
Page
187
Page
188
Current page
189
Page
190
Page
191
Page
192
Page
193
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department