ဝေးလံခေါင်ဖျားဒေသသတင်းများ

Sep 22,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဆဒုံးမြို့တွင် မြို့ပေါ်ရပ်ကွက်(၅) ရပ်ကွက်နှင့် ဆနာကျေးရွာအုပ်စုရှိ ပြည်သူများအတွက် ဆန်အိတ်များကို အလှူရှင်တစ်ဦးက ယနေ့နံနက် ၁၀ နာရီတွင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးခန်း၌ ပေးအပ်လှူဒါန်းခဲ့ ကြောင်း သိရသည်။
Sep 22,2020
COVID-19 ရောဂါကူးစက်မှုနှုန်းမြင့်မားလာသည့်အတွက် လားရှိုးခရိုင်၊ မိုင်းရယ်မြို့နယ် အနေဖြင့် ကူးစက်ခံရမှု မရှိသော်လည်း ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက် လျက်ရှိသည်။
Sep 22,2020
ဧရာဝတိတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ပြင်စလူမြို့တွင် ကိုဗစ်-၁၉ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများ အတွက် နိုင်ငံတော်အစိုးရမှ တတိယအကြိမ် ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယနေ့ နံနက် ၁၀ နာရီအချိန်က အမှတ်(၁)၊ အမှတ်(၂)၊ အမှတ်(၃) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးများတွင် ပေးအပ်ခဲ့သည်။
Sep 22,2020
Coronavirus Disease 2019(COVID-19) ကာကွယ်၊ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကာလအတွင်း ချင်းပြည်နယ် အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးဦးစီးဌာနမှ ဦးစီးအရာရှိ(အစားအသောက်) ဒေါ်မြင့်သီတာတင် ဦးဆောင်၍ ပူးပေါင်းကော်မတီအဖွဲ့တို့သည် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကျန်းမာရေး ဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ နှာခေါင်းစည်းMaskများ၊ လက်အိတ်များကို စနစ်တကျတပ်ဆင်၍ ယနေ့ နံနက် ၉ နာရီခွဲအချိန်တွင် ဟားခါးမြို့ပေါ် ရပ်ကွက်များရှိ အစားအသောက်ပစ္စည်း အရောင်းဆိုင်များသို့ ရောက်ရှိပြီး စျေးကွက်အတွင်း ကျန်းမာရေးကိုထိခိုက်စေနိုင်သည့် ဓာတုကြာရှည်ခံဆေးဝါးများ စားသောက်ကုန်များ စားသောက်ကုန် များတွင်အသုံးပြုမှု ရှိ၊မရှိ၊ မြန်မာနိုင်ငံတွင် မှတ်ပုံတင်မထားသည့် အစားအသောက်ပစ္စည်းများ၊ ဌာနမှ ထုတ်ပြန်ထား သည့် သုံးစွဲရန်မသင့် အစားအသောက် ပစ္စည်းများနှင့် သက်တမ်းလွန် အစားအသောက်ပစ္စည်း ရောင်းချမှု မရှိစေရေး ကွင်းဆင်းစစ်ဆေး ခဲ့ကြကြောင်း သိရှိရသည်။
Sep 22,2020
မင်းတပ်ခရိုင် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ မင်းတပ်မြို့ဝင်/ မြို့ထွက် ဂိတ်များ တွင် ထားရှိဆောင်ရွက်နေသော စစ်ဆေးရေးဂိတ်များအား နေ့စဉ်စစ်ဆေးကြပ်မတ်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
Sep 22,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မုံးကိုးမြို့၊ ယာယီကုန်စိမ်း‌ဈေး၌ ကိုဗစ်၁၉‌ ရောဂါကြိုတင် ကာကွယ်ရေး ညွှန်ကြားချက်များနှင့်အညီ‌‌ ဈေးရောင်းချနိုင်ရေးနှင့် ကျန်းမာရေးလမ်းညွှန်ချက်အတိုင်း ရောင်းချမှုရှိ/ မရှိတို့ကို ယနေ့ နံနက် ၈ နာရီချိန်ခန့်က ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
Sep 22,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊ မူဆယ်ခရိုင် ၊ ပန်ဆိုင်း(ကြူကုတ်)မြို့အတွင်းရှိ မြန်မာ-တရုတ် နှစ်နိုင်ငံနယ်နိမိတ်မှတ်တိုင်များ ကွင်းဆင်း စစ်ဆေးဆောင်ရွက်ခြင်းလုပ်ငန်းကို ပန်ဆိုင်း (ကြူကုတ်) မြို့၊ မြို့အုပ်ချုပ်ရေးမှူးဦးမင်းဇာနည်၊ ဌာနဆိုင်ရာများနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးတို့ ပူးပေါင်း၍ ယနေ့၊ နံနက်ပိုင်းအချိန်က ကွင်းဆင်းစစ်ဆေးဆောင်ရွက်သည်။
Sep 22,2020
မူဆယ်ခရိုင်၊ ပန်ဆိုင်း(ကြူကုတ်)မြို့၌ မိုးရာသီကာလတွင် အများဆုံးဖြစ်ပွားတတ်သည့် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားခြင်းမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ဆေးဖြန်းခြင်းလုပ်ငန်းများ ကို ယနေ့ နံနက်(၈)နာရီအချိန်ခန့်က ပန်ဆိုင်း(ကြူကုတ်)မြို့၊ အမှတ်(၁) ရပ်ကွက်နှင့် အမှတ်(၄) ရပ်ကွက် တို့တွင် ဆက်လက်ကွင်းဆင်းဆောင်သည်။