Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
ဝေးလံခေါင်ဖျားဒေသသတင်းများ
Breadcrumb
Home
>
ခေါင်လန်ဖူး၌ ကျေးရွာ ၄၁ ရွာရှိ အများသုံးရေစုကန်များတွင် ဝမ်းပျက်ဝမ်းလျှော ဖြစ်စေတတ်သောE.coli ပိုး ရှိ/မရှိ ကွင်းဆင်း စစ်ဆေး
Sep 23,2020
ခေါင်လန်ဖူးမြို့နယ်အတွင်းရှိ ကျေးရွာများသန့်ရှင်းသော သောက်သုံးရေရရှိရေး ဆောင်ရွက် လျက်ရှိရာ ကျေးရွာ ၄၁ ရွာမှ အများသုံးရေစုကန်များတွင် ဝမ်းပျက်ဝမ်းလျှောဖြစ်စေတတ်သော E.Coli ပိုးရှိ/မရှိကို မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှမြို့နယ်ဦးစီးမှုးနှင့် တာဝန်ရှိသူများက စက်တင်ဘာလ ၇ ရက်နေ့ မှ ၂၂ ရက်နေ့အထိ ရက်ပေါင်း(၁၆)ရက်ကြာ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဆွမ်ပရာဘွမ်မြို့နယ်၌ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဆောင်ရွက်
Sep 23,2020
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်၌ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံး၌ ဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
လိုင်လင်းပီမြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကော်မတီမှ စစ်ဆေးရေးဂိတ်များအား ကြည့်ရှုစစ်ဆေး
Sep 23,2020
ချင်းပြည်နယ်၊ လိုင်လင်းပီမြို့၌ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် အစဉ်မပြတ် ဆောင်ရွက် လျက်ရှိရာ ယမန်နေ့ မွန်းတည့် ၁၂ နာရီအချိန်က မြို့အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့အုပ်ချုပ်ရေးမှူး ဦးဇော်ထိုက် ဦးဆောင်၍ မြို့အဆင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကော်မတီမှ စစ်ဆေးရေး ဂိတ်များ၏ လုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို ကွင်းဆင်းကြည့်ရှု စစ်ဆေး ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ဟားခါးခရိုင် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ စားသုံးသူဆိုင်ရာ အသိပညာပေး Talk Show ပြုလုပ်
Sep 23,2020
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ စားသုံးသူရေးရာ ဦးစီးဌာနနှင့် အစားအသောက်နှင့် ဆေးဝါးကွက်ကဲရေး ဦးစီးဌာနတို့ ပူးပေါင်း၍ စားသုံးသူဆိုင်ရာ အသိပညာပေး Talk Show အစီအစဉ်ကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ဟားခါးခရိုင် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ချင်းရွှေဟော်မြို့၌ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများအား တတိယအကြိမ် ထောက်ပံ့ငွေများပေးအပ်
Sep 23,2020
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့တွင် ပုံမှန်ဝင်ငွေ မရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများအား တတိယအကြိမ်ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်မှ စတင်၍ အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာနမှ သက်ဆိုင်ရာ ရပ်ကျေးစာရေး ဝန်ထမ်းများက ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ရေဇွာမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် နှာခေါင်းစည်း (Mask)များ ယခုဝယ်၊ ယခုတပ်စနစ်ဖြင့် အသိပညာပေး လုပ်ငန်းများ အပတ်စဉ်ဆောင်ရွက်
Sep 22,2020
ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ ရေဇွာမြို့တွင် ကိုဗစ်-၁၉ ရောဂါကာ ကွယ်ထိန်းချုပ် တားဆီးနိုင်ရန်အတွက် ရေဇွာမြို့ ကိုဗစ်-၁၉ ရောဂါကာ ကွယ်ထိန်းချုပ်ကုသရေး ကော်မတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များ၊လူ ငယ်များပူးပေါင်းပြီး နှာခေါင်းစည်း (Mask)များ ယခုဝယ်၊ ယခုတပ်စနစ်ဖြင့် အသိပညာပေး လုပ်ငန်းများဆောင်ရွက်ခြင်းကို ယနေ့ မွန်လွဲ ၂ နာရီအချိန်တွင် စတင်ပြီးအရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ဆဒုံးမြို့၌ ယာယီတိုက်ပွဲရှောင်ပြည်သူများအား ဆန်နှင့်ထောက်ပံ့ငွေများ ထောက်ပံ့ပေးအပ်
Sep 22,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဆဒုံးမြို့ အမှတ် (၂)ရပ်ကွက် ယာယီတိုက်ပွဲရှောင်စခန်းတွင် ယနေ့ နံနက် (၉) နာရီတွင် ဆန်နှင့် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ဟားခါးမြို့၌ စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များအား ဆိုင်ထိုင်စနစ်မရှိစေဘဲ ပါဆယ်စနစ်သို့ ရောင်းချရန် သတ်မှတ်ကြေညာ
Sep 22,2020
ဟားခါးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်နိုင်ရေးအတွက် ရောဂါကူးစက်ပျံ့နှံ့ရန် လွယ်ကူသည့် နေရာများ ဖြစ်သည့်အတွက် စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များအား Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီ၏ ညွှန်ကြားချက်၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ စံသတ်မှတ်ချက် များနှင့်အညီ စက်တင်ဘာလ ၂၂ ရက် ယနေ့ မှစ၍ ဆိုင်ထိုင်စနစ် မရှိစေဘဲ ပါဆယ်စနစ်သို့ သတ်မှတ်ရောင်းချစေကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
179
Page
180
Page
181
Page
182
Current page
183
Page
184
Page
185
Page
186
Page
187
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department