ဝေးလံခေါင်ဖျားဒေသသတင်းများ

Oct 09,2020
ချင်းပြည်နယ်၊ ဟားခါးမြို့ရှိ မော်တော်ယာဉ်လိုင်းများအား ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန် ကြေညာထားသော အချက်များနှင့့််အညီ မော်တော်ယာဉ်ပြေးဆွဲရာတွင် ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက်များ လိုက်နာဆောင်ရွက် နိုင်စေရေးအတွက် ဟားခါးမြို့သို့ ဝင်ထွက်သွားလာသည့် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် များအား Swab နမူနာကို ယနေ့နံနက် ၉ နာရီမှစ၍ ကျန်းမာရေး အကာအကွယ်ဝတ်စုံများ စနစ်တကျ ဝတ်ဆင်၍ ဟားခါးမြို့အဝင် ပူးပေါင်းစစ်ဆေးရေး ဂိတ်တွင် စတင်စစ်ဆေးခဲ့သည်။
Oct 09,2020
ချင်းပြည်နယ်၊တီးတိန်မြို့ပြည်သူ့ဆေးရုံ၌ ကိုဗစ်- ၁၉ ရောဂါ ပိုးတွေ့အတည်ပြုလူနာ အမှတ်-၂၀၆၅၁ သည် ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။
Oct 09,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ် ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးဌာနမှ ကိုဗစ်-၁၉ ကာလအတွင်း စာကြည့်တိုက် ခေတ္တပိတ်ထားလျက်ရှိရာ Online မှတစ်ဆင့် စာအုပ် မိတ်ဆက်ခြင်း အစီအစဉ်ကို ယမန်နေ့ ညနေ(၃)နာရီခွဲက စာပေ အကြောင်းအရာများကို မျှဝေပေးခဲ့ကြ ကြောင်း သိရသည်။
Oct 09,2020
ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ကျီခါးမြို့ ကိုဗစ်-၁၉ ရာဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအတွက် အလှူငွေပေးအပ်လှူဒါန်းခြင်း အခမ်းအနားကို ယနေ့နံနက်(၈)နာရီ အချိန်က ကျီခါးမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။
Oct 08,2020
မင်းတပ်မြို့နယ်အတွင်းသို့ ဝင်ရောက်ဖြတ်သန်းမည့် ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား မြို့အဝင်ဂိတ်များတွင် Rapid Test kit ဖြင့် ကိုဗစ်-၁၉ရောဂါ ကူးစက်မှု ရှိ/မရှိ ကျန်းမာရေး စစ်ဆေးပြီးမှသာ ဝင်ရောက်ဖြတ်သန်း ခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။
Oct 08,2020
ချင်းပြည်နယ်၊ ဟားခါးခရိုင် ထန်တလန်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယနေ့နံနက် ၉ နာရီက ရွေးကောက်ပွဲ ဆိုင်ရာ အသိပညာပေး (Talk Show) ကျင်းပမှုကို Online မှတစ်ဆင့် တင်ဆက်ခဲ့ကြောင်း သိရသည်။
Oct 08,2020
ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ ကန်ပက်လက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ်ယာဉ်ထိန်းရဲတပ်ဖွဲ့စိတ်တို့ ပူးပေါင်း၍ မြို့နယ် လူထုအခြေပြု ဗဟိုဌာန Community Centre ခန်းမတွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး Talk Show ကို ယနေ့နံနက်ပိုင်းက Online မှတဆင့် အသိပညာပေး တင်ဆက်ပေးခဲ့ကြပါသည်။
Oct 08,2020
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မြို့ပေါ်ရပ်ကွက်(၃)ရပ်ကွက်၌ ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာ ထားရှိမှုအခြေအနေ ကွင်းဆင်းစစ်ဆေး​​ခြင်းနှင့် လက်ကမ်း စာစောင်များဖြန့်ဝေမှုကို ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲခန့်တွင် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု့ စစ်ဆေးခဲ့သည်။