Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
ဝေးလံခေါင်ဖျားဒေသသတင်းများ
Breadcrumb
Home
>
ရွှေကူမြို့နယ် မီးသတ်ဦးစီးဌာနမှ ကိုဗစ်−၁၉ရောဂါ အသိပညာပေးဆောင်ရွက်ခြင်းနှင့် နှာခေါင်းစည်း (Mask)များ အခမဲ့ဖြန့်ဝေ
Oct 09,2020
ကချင်ပြည်နယ် ၊ ဗန်းမော်ခရိုင် ရွှေကူမြို့နယ် မီးသတ်ဦးစီးဌာနမှ ပြည်သူများအား ကိုဗစ်−၁၉ ရောဂါကူးစက်ခြင်းမှ ကာကွယ်နိုင်ရန်အတွက် ရည်ရွယ်၍ အောက်တိုဘာလ ၉ ရက် ၊ နံနက် ၉ နာရီအချိန်တွင် လူစည်ကားရာဖြစ်သော လမ်းဆုံနေရာ၌ နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေခြင်းနှင့် အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဒေါ့ဖုန်းယန်မြို့တွင် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ ကြေညာထားရှိမှုအား တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု
Oct 09,2020
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဒေါ့ဖုန်းယန်မြို့တွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်းကို ဒုတိယအကြိမ်ထုတ်ပြန် ကြေညာလျက်ရှိရာ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များသည် ဒေါ့ဖုန်းယန်မြို့အတွင်းရှိ မဲဆန္ဒရှင် စာရင်းများ၊ ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကြေညာထားရှိမှုကို ယမန်နေ့ နံနက် ၁၀ နာရီတွင် လာရောက်ကွင်းဆင်း ကြည့်ရှုကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဟားခါး၌ စားသောက်ဆိုင်များ၊လက်ဖက်ရည်ဆိုင်များနှင့် စျေးဆိုင်များအားလုံး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလအတွင်း ကျန်းမာရေးနှင့်အညီရောင်းချမှု ရှိ၊မရှိ ကွင်းဆင်းစစ်ဆေး
Oct 09,2020
Coronavirus Disease 2019(COVID-19) ကာကွယ်၊ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေး ကာလအတွင်း ဟားခါးမြို့နယ် ကိုဗစ်-၁၉ ကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး လုပ်ငန်းကော်မတီ ဝင်များက ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ နှာခေါင်းစည်းMaskများ၊ လက်အိတ်များကို စနစ်တကျတပ်ဆင်၍ ယနေ့ နံနက် ၉ နာရီအချိန်တွင် ဟားခါးမြို့ပေါ် ရပ်ကွက်များရှိ စားသောက်ဆိုင်များ၊လက်ဖက်ရည်ဆိုင်များနှင့် စျေးဆိုင်များအားလုံးသို့ ရောက်ရှိပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကျန်းမာရေးဆိုင်ရာညွှန်ကြားချက်များနှင့်အညီ ရောင်းချမှု ရှိ၊မရှိ ကွင်းဆင်းစစ်ဆေး ခဲ့ကြကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
ခိုင်ကမ်းမြို့ စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း ရန်ပုံငွေကျပ်(၁၀)သန်းအောက် လုပ်ငန်းများအတွက် အဆိုပြုလွှာတင်သွင်းနိုင်
Oct 09,2020
ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ တီးတိန်မြို့နယ်၊ ခိုင်ကမ်းမြို့စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ငွေလုံးငွေရင်းရန်ပုံငွေကျပ် (၁၀)သန်းအောက် လုပ်ငန်းများ အတွက် တင်ဒါခေါ်ယူလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရိခေါ်ဒါရ်မြို့ စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ငွေလုံးငွေရင်း ရန်ပုံငွေ ကျပ်(၁၀)သန်းအောက်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းများအတွက် အဆိုပြုလွှာ တင်သွင်းနိုင်
Oct 09,2020
ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့ စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ငွေလုံးငွေရင်း ရန်ပုံငွေကျပ် (၁၀)သန်းအောက်လုပ်ငန်းများအတွက် တင်ဒါခေါ်ယူ လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တီးတိန်၌ မူးယစ်ဆေးဝါးအန္တရာယ်တားဆီး ကာကွယ်ရေး အသိပညာပေး Talk Show ပြုလုပ်
Oct 09,2020
ချင်းပြည်နယ်၊တီးတိန်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာ ကွယ်ရေး အသိပညာပေး Talk Show ကို ယနေ့နံနက် ၁၀ နာရီက ပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ချီဖွေမြို့နယ်၌ အသက်(၈၀)နှင့် (၈၅) နှစ်ကြား အဘိုး/အဘွားများနှင့် အသက်(၈၅)နှစ်အထက်သက်ကြီး ဘိုးဘွားများအား အိမ်တိုင်ရာရောက် ထောက်ပံ့ငွေပေးအပ်
Oct 09,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ်တွင် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန လူမှုဝန်ထမ်း ဦးစီးဌာနမှ ကိုဗစ်-၁၉ စီးပွားရေး ကုစားမှုအစီအစဉ်အရ အသက်(၈၀)နှစ် တင်းတင်းပြည့်ပြီး အသက်(၈၅)နှစ် မပြည့်သေးသည့် သက်ကြီး ဘိုးဘွား များနှင့် အသက်(၈၅)နှစ် အထက် သက်ကြီးဘိုးဘွားများအား အိမ်တိုင်ရာရောက် ထောက်ပံ့ ငွေပေးအပ်ခြင်းကို ယမန်နေ့ နံနက်(၁၀)နာရီမှစ၍ သက်ဆိုင်ရာ ရပ်/ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်/ကျေး စာရေးများက လိုက်လံထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မတူပီမြို့တွင် ကိုဗစ်−၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများ ပိုမိုကြပ်မတ်နိုင်ရေး လုပ်ငန်းညှိနှိုင်း စည်းဝေး
Oct 09,2020
ချင်းပြည်နယ်၊ မတူပီမြို့၌ ကိုဗစ်−၁၉ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းများ အရှိန်မြှင့်ဆောင်ရွက်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
143
Page
144
Page
145
Page
146
Current page
147
Page
148
Page
149
Page
150
Page
151
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department