
တီဟီရန် မတ် ၄
အီရန်နိုင်ငံသည် ယူရေနီယံသန့်စင်မှု ဆက်လက်တိုးမြှင့်လုပ်ဆောင်လျက်ရှိကြောင်း အပြည်ပြည် ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီ (အိုင်အေ အီးအေ)က ပြောသည်။
၂၀၁၅ နျူကလီးယား သဘောတူညီမှုတွင် ခွင့်ပြု ပေးထားသည်ထက် ကျော်လွန်၍ ယူရေနီယံသန့်စင် မှုကို ပြုလုပ်နေကြောင်း အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီက ပြောသည်။ အီရန် နျူကလီးယားအစီအစဉ်နှင့်ပတ်သက်၍ အပြည်ပြည် ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီက မတ်လ ၃ ရက် တွင် အစီရင်ခံစာဖော်ပြခဲ့သည်။
အီရန်နိုင်ငံသည် ယူရေနီယံသန့်စင်မှုကို ၆၀ ရာခိုင်နှုန်းအထိ ပြုလုပ်ထားကြောင်း သိရသည်။ နျူကလီးယားသဘောတူညီမှုတွင် ယူရေနီယံ သန့်စင်မှုကို ၃ ဒသမ ၆၇ ထိ ကန့်သတ်ထားသည်။ ယင်းကန့်သတ်မှုထက်ကျော်လွန်၍ သန့်စင်မှုကို ပြုလုပ်နေသည်။ ၂၀၁၈ ခုနှစ် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်လက်ထက်တွင် အီရန်နျူကလီးယား သဘောတူညီမှုမှ အမေရိကန်ကနုတ်ထွက်ခဲ့သည်။
ယင်းနောက် အီရန်အား ပိတ်ဆို့ကန့်သတ်မှုများ ပြုလုပ်ခဲ့သည်။ အီရန်နိုင်ငံဘက်ကလည်း နျူကလီး ယားလှုပ်ရှားမှုများကို တိုးမြှင့်လုပ်ဆောင်ခြင်း ဖြင့် ပြန်လည်လက်တုံ့ပြန်ခဲ့သည်။
ဥရောပသမဂ္ဂ၊ ပြင်သစ်နှင့် အခြားသောနိုင်ငံများ သည် အီရန်နှင့်အမေရိကန်တို့အကြား ကြားဝင် ဆောင်ရွက်ခဲ့သည်။ ဆွေးနွေးမှုများ၏ အဓိက အချက်မှာ အီရန်နိုင်ငံ၏ နျူကလီးယားလှုပ်ရှားမှုကို ကန့်သတ်ရန်နှင့် အမေရိကန်၏ ပိတ်ဆို့ထားမှုများကို ဖယ်ရှားရန်ပင်ဖြစ်သည်။ ဆွေးနွေးညှိနှိုင်းမှုများ နှင့် နီးစပ်သည့် အရာရှိတစ်ဦး၏ ပြောကြားချက်အရ ဆွေးနွေးညှိနှိုင်းမှုတွင် သဘောတူညီချက်ရရှိရန် မှာ နီးစပ်လာပြီဟု ပြောသည်။
အင်န်အိတ်ချ်ကေ