ယူနန်တက္ကသိုလ်၌ အာဖရိကတောရိုင်းနှစ်ရှည်ပင် မျိုးစိတ်ဖြင့် နှစ်ရှည်ဆန်မျိုးစုံကို တီထွင်ထုတ်လုပ်

 

ပေကျင်း  ဒီဇင်ဘာ  ၂၂
တရုတ်နိုင်ငံ ယူနန်တက္ကသိုလ်မှ သုတေသီများ သည်   အာဖရိကမှ   တောရိုင်းနှစ်ရှည်ပင် မျိုးစိတ်ဖြင့်   နှစ်စဉ်စိုက်ပျိုးရန်  မလိုအပ်သော PR23 အမည်ရှိ နှစ်ရှည်ဆန်မျိုးစုံကို တီထွင် ထုတ်လုပ်ခဲ့ကြောင်း၊ ရာသီတိုင်း စိုက်ပျိုးသော ပုံမှန်စပါးများနှင့် မတူကြောင်း၊ PR23  သည် လေးနှစ်တစ်ကြိမ် စိုက်ပျိုး၍  လေးနှစ်တွင် ရှစ်ကြိမ်ဆက်တိုက်    ရိတ်သိမ်းနိုင်ကြောင်း၊ ရိတ်သိမ်းပြီးတိုင်း   သန်မာသောအမြစ်ပါသည့် အပင်များဖြစ်ကြောင်း၊  PR23  အထွက်နှုန်းမှာ တစ်ဟက်တာလျှင်    ရှစ်တန်ဖြစ်ကြောင်း အစီရင်ခံတင်ပြထားပြီး   ပုံမှန်ရေသွင်းစပါးနှင့် နှိုင်းယှဉ်နိုင်ကြောင်း၊ သို့သော်  စိုက်ပျိုးစရိတ်၊ မျိုးစေ့နှင့် ဓာတုသွင်းအားစုများ နည်းပါးသော ကြောင့်  စိုက်ပျိုးစရိတ်    သက်သာကြောင်း သိရှိရသည်။ 
အကျိုးကျေးဇူးများအနေဖြင့် ၎င်းသည် တစ်နှစ်လျှင် တစ်ဟက်တာလျှင် အော်ဂဲနစ် ကာဗွန်တစ်တန်နီးပါး စုပြုံနေသော မြေဆီလွှာ ကဲ့သို့သော    ထူးထူးခြားခြား       သဘာဝ ပတ်ဝန်းကျင် အကျိုးကျေးဇူးများကို ဖြစ်ပေါ် စေနိုင်ပြီး အပင်များအတွက် ရေရရှိမှု  တိုးလာ နိုင်ကြောင်း၊ စိုက်ပျိုးမှုစက်ဝန်းတစ်ခုစီတွင် လုပ်အား ၅၈ ရာခိုင်နှုန်းနှင့် အခြားသွင်းအားစု ကုန်ကျစရိတ် ၄၉ ရာခိုင်နှုန်းတို့ကို  ချွေတာနိုင် သောကြောင့်   လယ်သမားများက  ၎င်းကို နှစ်ခြိုက်ကြကြောင်း၊  အသက်မွေးဝမ်းကျောင်း များ ပိုမိုကောင်းမွန်စေခြင်း၊ မြေဆီလွှာ အရည် အသွေးမြှင့်တင်ပေးခြင်းနှင့်   အခြားသော သီးနှံများကို သုတေသနပြုခြင်းဖြင့် စိုက်ပျိုး မွေးမြူရေးကို    အသွင်ပြောင်းနိုင်သည်ဟု သုတေသီများက ပြောသည်။
တီထွင်မှုသည် လုပ်အားနှင့် အခြားသွင်း အားစုများကို နည်းပါးစွာ  အသုံးပြုခြင်းအပြင်  ရာသီဥတုနှင့် လိုက်လျောညီထွေဖြစ်အောင် ပြုလုပ်ခြင်းဖြင့် စပါးစိုက်ပျိုးခြင်းကို  ပြောင်းလဲ နိုင်ကြောင်း၊ ဆန်သည် ကမ္ဘာ၏ ထက်ဝက်ခန့်ကို ကျွေးမွေးပြီး ဆန်စိုက်ပျိုးရေးနှင့် စားသုံးမှု သည် အာရှတွင် အဓိကဖြစ်၍   မျိုးကွဲအသစ်များ ကို ရှာဖွေတွေ့ရှိခြင်းသည်  အရေးပါကြောင်း၊   ယနေ့   စိုက်ပျိုးသော  သီးနှံအများစုသည် တစ်ချိန်က နှစ်ရှည်ပင်ဖြစ်သော်လည်း   ပိုမို ဖြစ်ထွန်းစေရန်အတွက် နှစ်တို၊    ကာလတို အဖြစ် စိုက်ပျိုးခဲ့ကြကြောင်း၊ ဤနှစ်ရှည်ဆန် သည် စီးပွားရေးအရ  ရေရှည်တည်တံ့ကြောင်း သက်သေပြပါက  အသွင်ပြောင်း   ဆန်းသစ် တီထွင်မှုဖြစ်လာနိုင်ကြောင်း   သိရသည်။
ထို့ပြင် ဆန်သည် အိန္ဒိယအတွက်   အရေးပါ ပါကြောင်း၊ အိန္ဒိယသည် တရုတ်နိုင်ငံပြီးလျှင် ကမ္ဘာ့ဒုတိယ အကြီးဆုံး ဆန်ထုတ်လုပ်သူဖြစ်ပြီး    ကမ္ဘာ့ကုန်သွယ်မှုတွင်     ရှယ်ယာအများဆုံး (၄၀ ရာခိုင်နှုန်း) တင်ပို့သည့်     နိုင်ငံဖြစ်ကြောင်း၊ နွေရာသီနှင့် ဆောင်းရာသီသီးနှံ နှစ်မျိုးစလုံးတွင် စိုက်ပျိုးကြကြောင်း၊    နှစ်ရှည်စပါးသည်   နှစ်အလိုက်    စိုက်ခင်းများ၏   ငတ်မွတ်မှုကို  လျှော့ချနိုင်ပြီး မျိုးနှင့် အခြားသွင်းအားစုများ  စုဆောင်းနိုင်ကြောင်း၊  တရုတ်၏ အစောပိုင်း  အောင်မြင်မှုသည်       ပြည်သူ့သုတေသနနှင့် စိုက်ပျိုးရေးသိပ္ပံများတွင် ရင်းနှီးမြှုပ်နှံမှုများ မြှင့်တင်ရန်    အိန္ဒိယအတွက်  နောက်ထပ် သင်ခန်းစာတစ်ခုဖြစ်ကြောင်း၊      ယင်းက စားနပ်ရိက္ခာဖူလုံမှုနှင့်   ကျေးလက်ဝင်ငွေ အပေါ် ရာသီဥတုပြောင်းလဲမှု၏  သက်ရောက်မှု ကို  တန်ပြန်ကူညီနိုင်ကြောင်း  သိရသည်။
ဒေါက်တာဝေရီလင်း (စီးပွားရေးသံမှူး)