
နေပြည်တော် စက်တင်ဘာ ၇
ကိုဗစ်-၁၉ ကူးစက်ပြန့်ပွားမှု ကာကွယ် တိုက်ဖျက်ရာ၌ အထောက်အကူ ဖြစ်စေရန် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန် ပြည်နယ် ပြည်သူ့အစိုးရနိုင်ငံခြား ရေးရုံးက မြန်မာနိုင်ငံ ကချင် ပြည်နယ် အစိုးရသို့ လှူဒါန်းသည့် တရုတ်ယွမ်ငွေ ၁ ဒသမ ၅၅ သန်း တန်ဖိုးရှိ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ် ကုသရေး အထောက် အကူပြုပစ္စည်းများ လွှဲပြောင်း ပေးအပ်ပွဲကို ဩဂုတ် ၂၇ ရက်က ယူနန်ပြည်နယ် ပေါင်စန်းပြည် နယ်ခွဲ ထိန်ချုံးမြို့၌ ကျင်းပရာ ယူနန်ပြည်နယ် ပြည်သူ့အစိုးရ နိုင်ငံခြားရေးရုံး ဒုတိယညွှန်ကြား ရေးမှူးချုပ် Mr. Wang Wei က လှူဒါန်းသည့် ပစ္စည်းများကို လွှဲပြောင်းပေးအပ်ပြီး မြန်မာနိုင်ငံ ကိုယ်စား ကူမင်းမြို့ မြန်မာ ကောင်စစ်ဝန်ချုပ်ရုံး ကောင်စစ် ဝန်ချုပ် ဦးသော်တာအောင်က လက်ခံရယူသည်။
ထို့ပြင် တရုတ်ပြည်သူ့သမ္မတ နိုင်ငံ ယူနန်ပြည်နယ် ပြည်သူ့ အစိုးရနိုင်ငံခြားရေးရုံးက မြန်မာ နိုင်ငံ ရှမ်းပြည်နယ်အစိုးရနှင့် ကချင်ပြည်နယ် အစိုးရတို့သို့ လှူဒါန်းသည့် တရုတ်ယွမ်ငွေ ၁ ဒသမ ၅ သန်းတန်ဖိုးရှိ Oxygen Concentrator အလုံး ၆၀၀ လွှဲပြောင်းပေးအပ်ပွဲကို ဩဂုတ် ၃၀ ရက်က ယူနန်ပြည်နယ် ရွှီရွှီ မြို့ရှိ CMC စက်ရုံတွင် ကျင်းပရာ ယူနန်ပြည်နယ် ပြည်သူ့အစိုးရ နိုင်ငံခြားရေးရုံး ဒုတိယညွှန်ကြား ရေးမှူးချုပ် Mr. Hao Kun က လှူဒါန်းသည့် ပစ္စည်းများကို လွှဲပြောင်းပေးအပ်ပြီး မြန်မာ နိုင်ငံကိုယ်စား ကူမင်းမြို့ မြန်မာ ကောင်စစ်ဝန်ချုပ်ရုံး ကောင်စစ် ဝန်ချုပ် ဦးသော်တာအောင်က လက်ခံရယူသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကုသရေး အထောက် အကူပြု ပစ္စည်းများနှင့် Oxygen Concen-trator အလုံး ၆၀၀ တို့ကို တရုတ်နိုင်ငံ ယူနန်ပြည်နယ် မှ မြန်မာနိုင်ငံ ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်တို့သို့ နယ်စပ် ဂိတ်မှတစ်ဆင့် မော်တော်ယာဉ် များ ဖြင့် ပို့ဆောင်ပေးသွားမည်ဖြစ် ကြောင်း သိရသည်။
သတင်းစဉ်