ယူကရိန်းတပ်ဖွဲ့ဝင်များက ရုရှားတို့ကို ခုခံတိုက်ခိုက်လျက်ရှိဟု ယူကရိန်းသမ္မတဇီလန်စကီပြော

 

ကိယက်ဗ် ဖေဖော်ဝါရီ  ၂၇


ကိယက်ဗ်မြို့ကို    ထိုးစစ်ဆင်နေကြသည့်    ရုရှား တပ်ဖွဲ့ဝင်များကို   ယူကရိန်းတပ်ဖွဲ့ဝင်များက   ခုခံ တိုက်ခိုက်လျက်ရှိကြောင်း   ယူကရိန်းသမ္မတ   ဗိုလို ဒီမာဇီလန်စကီက  ဖေဖော်ဝါရီ    ၂၆  ရက်တွင် ပြောသည်။

 


ယူကရိန်းနိုင်ငံအတွင်းရှိ   မြို့များစွာနှင့်  နေရာ ပေါင်းများစွာတို့တွင် တိုက်ပွဲများ ဖြစ်ပွားနေသည်။ သို့သော်လည်း ကိယက်ဗ်နှင့် ပတ်ဝန်းကျင်မြို့များ မှာမူ    ယူကရိန်းတပ်ဖွဲ့၏   ထိန်းချုပ်မှုအောက်တွင် သာ ရှိနေသေးကြောင်း ၎င်းကဆက်ပြောသည်။

 


ရုရှားတပ်ဖွဲ့ဝင်များက  လူနေအိမ်အဆောက် အအုံများကို  တိုက်ခိုက်မှုပြုလုပ်သည်ဟု ယူကရိန်း သမ္မတက       စွပ်စွဲထားသည်။    ရုရှားတို့ဘက်မှ တိုက်လေယာဉ်များ   အပါအဝင်  ဒုံးကျည်များနှင့် လက်နက်မျိုးစုံ အသုံးပြုသည်ဟုလည်း ဇီလန်စကီ က ပြောသည်။

 


ထို့နောက်      ရုရှားဦးဆောင်သည့်          စစ်ပွဲကို ဆန့်ကျင်နေကြသည့်  တာဝန်သိရုရှားပြည်သူများကို ကျေးဇူးတင်ကြောင်း   ၎င်းက   ရုရှားဘာသာဖြင့် ပြောကြားခဲ့သည်။ 

 


စစ်ပွဲကိုရပ်တန့်ရန် လိုအပ်ကြောင်းနှင့် ငြိမ်းချမ်း စွာ  အတူတကွနေထိုင်၍ရကြောင်း   ယူကရိန်းသမ္မတ က ပြောကြားခဲ့သည်။                

အင်န်အိတ်ချ်ကေ