ယူကရိန်းသို့ရောက်ရှိနေသော ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က တိုက်ခိုက်မှုများ အဆုံးသတ်ရန် တိုက်တွန်း

 

ကိယက်ဗ်   ဧပြီ   ၂၈ 


ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာ ရက်စ်သည် ဧပြီ ၂၇ ရက်က ယူကရိန်းသို့ရောက်ရှိလာခဲ့ကြောင်း ပြောကြားလိုက်သည်။ 

 


မော်စကိုသို့သွားရောက်ပြီးနောက် ယူကရိန်းသို့ ရောက်ရှိလာခဲ့ကြောင်း ဂူတာရက်စ်က ပြောသည်။ 
ကုလသမဂ္ဂသည် လူသားချင်းဆိုင်ရာ   ကူညီ ထောက်ပံ့မှုများကို ကျယ်ကျယ်ပြန့်ပြန့် ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်းနှင့်   ပဋိပက္ခဇုန် အတွင်း ကျရောက်နေသော   အရပ်သားများကို ကယ်တင်ရန် ကယ်ဆယ်ရေးလုပ်ငန်းများကိုလည်း ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဂူတာ ရက်စ်က ပြောကြားလိုက်သည်။ 
ထို့အပြင် သူက တိုက်ခိုက်မှုများကို အဆုံးသတ် ရန်လည်း တိုက်တွန်းလိုက်သည်။ 

 


ယူကရိန်း၊ ရုရှားနှင့် ကမ္ဘာကြီးအတွက် မကြာမီ အချိန်အတွင်း ယခုစစ်ပွဲ   အဆုံးသတ်သွားမည်ဖြစ် ကြောင်းနှင့်   ပိုမိုကောင်းမွန်လာမည်ဖြစ်ကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က ပြောကြားလိုက် သည်။ 

 


ဧပြီ ၂၆ ရက်က ဂူတာရက်စ်သည်  မော်စကိုသို့ သွားရောက်ခဲ့ပြီး ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့်တွေ့ဆုံခဲ့သည်။ 

ဆင်ဟွာ