
ကိယက်ဗ် မတ် ၆
ယူကရိန်းနိုင်ငံတွင် ရုရှား၏ စစ်ဆင်ရေးကြောင့် အရပ်သား အသေအပျောက် များပြားလာခဲ့ သည်။ အရပ်သားများ ဘေးလွတ် ရာသို့ ပြောင်းရွှေ့ပေးနိုင်ရေး အတွက် ထွက်ပေါက်လမ်းကြောင်း တစ်ခု ပြုလုပ်ပေးရန် အပြည်ပြည် ဆိုင်ရာ အကူအညီပေးရေးအဖွဲ့ အစည်းများက တောင်းဆိုခဲ့သည်။
မတ်လ ၄ ရက်အထိ အရပ် သား ၃၅၁ ဦး သေဆုံးခဲ့ပြီးဖြစ် ကြောင်း ကုလသမဂ္ဂ လူ့အခွင့် အရေးရုံးက ပြောသည်။ ထို့ပြင် ဒဏ်ရာရရှိသူဦးရေမှာလည်း ၇၀၀ ကျော်ရှိလာကြောင်း အဆိုပါရုံးက ပြောသည်။
တိုက်ပွဲကြောင့် အထိအခိုက် အများဆုံးဒေသဖြစ်သည့် မယ်ရီ ယူပေါလ်မြို့ရှိ အခြေအနေများကို အပြည်ပြည်ဆိုင်ရာ အစိုးရမဟုတ် သည့် အဖွဲ့အစည်းဖြစ်သည့် နယ်စည်းမခြား ဆရာဝန်များအဖွဲ့ က အစီရင်ခံစာ တင်ပြခဲ့သည်။ မြို့အတွင်း လျှပ်စစ်မီး၊ ရေနှင့် အပူပေးစနစ်များ မရှိကြောင်း အဆိုပါအဖွဲ့မှ ဝန်ထမ်းတစ်ဦးက အစီရင်ခံစာတင်ပြခဲ့သည်။
လျှပ်စစ်မီး ပြတ်တောက်မှု ကြောင့် မယ်ရီယူပေါလ်မြို့ ဆေးရုံ တွင် ဒဏ်ရာရရှိသူများကိုအမှောင် ထဲ၌ပင် ကုသမှုပေးရသည့် ဗီဒီယို ဖိုင်ကို တွေ့ရသည်။ ရုရှားနှင့် ယူကရိန်းတို့သည် ယာယီအပစ် အခတ်ရပ်စဲရေး ပြုလုပ်ခဲ့ပြီး အဆိုပါမြို့တစ်ဝိုက် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာအကူ အညီများ ပေးနိုင်ရေးအတွက် လမ်းကြောင်းဖွင့်ပေးခဲ့သည်။
လူသားချင်း စာနာထောက် ထားမှုဆိုင်ရာ ထွက်ပေါက် လမ်းကြောင်း ပြုလုပ်ပေးရန် အတွက် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအသင်းက တောင်းဆို ခဲ့သည်။ ရုရှားနှင့် ယူကရိန်းတို့ သည် တတိယအကြိမ်ဆွေးနွေးမှု ကို မကြာမီ ပြုလုပ်နိုင်မည်ဟု မျှော်လင့်ရသည်။
အင်န်အိတ်ချ်ကေ