ယူကရိန်း၌ နှင်းမုန်တိုင်းတိုက်ပြီး ရာသီဥတုဆိုးရွားမှုကြောင့် လူ ၁၀ ဦးထက် မနည်းသေဆုံး

 

ကိယက်ဗ် နိုဝင်ဘာ ၂၈ 


ယူကရိန်းတွင် နှင်းမုန်တိုင်းတိုက်ပြီး ရာသီဥတု ဆိုးရွားမှုကြောင့် လူ ၁၀ဦးထက် မနည်းသေဆုံးခဲ့ပြီး ၂၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း  ပြည်ထဲရေးဝန်ကြီး အီဟိုကလီမန်ကိုက   နိုဝင်ဘာ  ၂၈   ရက်က ပြောကြားခဲ့သည်။ 


လေပြင်းနှင့်အတူ   ဆောင်းရာသီမုန်တိုင်း ကြောင့် နိုင်ငံတောင်ပိုင်း   သြဒက်စ်စဒေသတွင် ငါးဦးသေဆုံးခဲ့ပြီး      အိမ်နီးချင်းဒေသဖြစ်သော မိုင်ကိုလာယစ်ဗ်တွင်   နှစ်ဦးသေဆုံးခဲ့ကြောင်း ကလီမန်ကိုက ပြောသည်။ 


အခြားသေဆုံးသူများမှာ      ကိယက်ဗ်နှင့်  ကိယက်ဗ်အရှေ့ပိုင်းဒေသတို့မှဖြစ်သည်။ နိုဝင်ဘာ ၂၈ ရက်နံနက်ပိုင်းအထိ  ယူကရိန်းဒေသ၁၁ခုရှိ အိမ်ထောင်စုပေါင်း ၄၁၁ ခု လျှပ်စစ်မီးများပြတ်တောက်ခဲ့သည်။ 


ယူကရိန်းရှိ  မြို့နှင့်  ကျေးရွာပေါင်း ၂၀၀၀ ကျော်လည်း   ဆိုးရွားသော    ရာသီဥတုကြောင့် လျှပ်စစ်မီးများ ပြတ်တောက်ခဲ့သည်။ 

ယူကရိန်းသည်   တနင်္ဂနွေနေ့ကတည်းက ဆီးနှင်းများ ထူထပ်စွာ ကျဆင်းမှုနှင့် ကြုံတွေ့နေခဲ့ ရသည်။                                                

ဆင်ဟွာ