ယူကရိန်းအရေး တင်းမာမှုများလျှော့ချရန် ဂျာမနီနှင့် ပြင်သစ်တို့ ပူးပေါင်းလုပ်ဆောင်

 

ပါရီ   ဇန်နဝါရီ   ၂၇ 

 


ယူကရိန်းအရေး    တင်းမာမှုများ လျှော့ချရန် ဂျာမနီနှင့် ပြင်သစ်တို့ ပူးပေါင်းလုပ်ဆောင်လျက်ရှိသည်။ 
နှစ်နိုင်ငံမှ    အဆင့်မြင့်သံတမန် များသည်    ရုရှားနှင့်   ယူကရိန်း ကိုယ်စားလှယ်များကို   ပါရီတွင် ဇန်နဝါရီ ၂၆ ရက်က   တွေ့ဆုံခဲ့ သည်။    ဆွေးနွေးပွဲပြီးနောက် ရုရှားအဓိကညှိနှိုင်းရေးမှူး   ဒီမီ ထရီ ကိုဇက်က   အဖွဲ့လေးဖွဲ့လုံး သည် တင်းမာမှုများ   နည်းသွား စေရန်  ဆွေးနွေးမှုများ ဆက်လက်   လုပ်ဆောင်သွားရန်  သဘောတူခဲ့ ကြောင်း ပြောသည်။ 

 


ပြင်သစ်သမ္မတရုံးက   ထုတ် ပြန်ကြေညာချက်တွင် နောက်ထပ် ဆွေးနွေးပွဲကို ဂျာမနီတွင် သီတင်း ပတ်နှစ်ပတ်အတွင်း   ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

 


အဖွဲ့လေးဖွဲ့လုံးမှ     သံတမန် များသည် ၂၀၁၅ ခုနှစ်  အပစ်ရပ်စဲ ရေး       သဘောတူညီချက်ကို လေ့လာသုံးသပ်ရန် စုစုစည်းစည်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကြေညာချက်တွင်    ဆက်လက် ဖော်ပြသည်။   အပစ်ရပ်သဘော တူညီမှုပြုလုပ်ပြီးနောက်   အစိုးရ တပ်ဖွဲ့များနှင့်     ရုရှားထောက်ခံ တပ်ဖွဲ့များအကြား       တိုက်ပွဲများ  မကြာခဏ   ဖြစ်ပွားခဲ့သည်။ 
အဆိုပါသဘောတူညီချက်ကို ကြားဝင်စေ့စပ်ပေးရန်    ပြင်သစ် နှင့် ဂျာမနီသည် အဓိကအခန်းမှ ပါဝင်လျက်ရှိသည်။ 


အင်န်အိတ်ချ်ကေ