ယူကေ၏ တရားမဝင်ရွှေ့ပြောင်းနေထိုင်သူများ ဥပဒေကြမ်း ဥပဒေအဖြစ် အသက်ဝင်လာတော့မည်

 

လန်ဒန်   ဇူလိုင်   ၁၉
အင်္ဂလိပ်ရေလက်ကြားမှ သင်္ဘော ဖြင့်ဖြစ်စေ၊ အခြားသောတရားမဝင် နည်းလမ်းဖြင့်ဖြစ်စေ   ဝင်ရောက် လာသည့်    ရွှေ့ပြောင်းနေထိုင်သူ များကို    ခိုလှုံခွင့်တောင်းခံခြင်းမှ တားမြစ်သွားမည့် ဥပဒေကို ဗြိတိန် မှ တရားဝင်ပြဋ္ဌာန်းတော့မည်ဖြစ် သည်။ 
တရားမဝင် ရွှေ့ပြောင်းနေထိုင် သူများ ဥပဒေကြမ်းကို  ပါလီမန် တွင် ဇူလိုင် ၁၇ ရက်က အတည်ပြု ခဲ့ပြီး  ယခုအခါ တော်ဝင်ဆန္ဒခံယူ ရန်        အတည်ပြုသွားမည်ဖြစ် သည်။   
အဆိုပါဥပဒေအရ     တရားမဝင် ဝင်ရောက်လာသည့်    ရွှေ့ပြောင်း နေထိုင်သူများကို ဒုက္ခသည်များ အဖြစ်   ခိုလှုံခွင့်တောင်းခံခြင်းကို အစိုးရက ငြင်းဆိုပိုင်ခွင့်ရှိသွားမည် ဖြစ်သည်။  
ထို့ပြင်  ၎င်းတို့ကို ထိန်းသိမ်း ထားခြင်း   သို့မဟုတ်    နေရပ်သို့ ပြန်ပို့ခြင်းတို့  လုပ်ဆောင်နိုင်မည် ဖြစ်သည်။     အဆိုပါဥပဒေသည် အင်္ဂလိပ်ရေလက်ကြားကို    ဖြတ် ကာ သင်္ဘောငယ်များဖြင့် ဝင်ရောက် လာသည့်  တရားမဝင် ရွှေ့ပြောင်း နေထိုင်သူများကို ရပ်တန့်ပေးမည် ဟူသော ဝန်ကြီးချုပ် ရစ်ရှီဆူနက် ကတိကဝတ်၏ အဓိကသော့ချက် လည်းဖြစ်သည်။  
သို့သော်လည်း     လူ့အခွင့် အရေးအုပ်စုများက   ချက်ချင်း ဆိုသလို  ရှုတ်ချကြသည်။ ၂၀၂၂ ခုနှစ်အတွင်း   ခိုလှုံခွင့်တောင်းခံသူ ပေါင်း ၄၅၀၀၀  ကျော်အထိရှိသည် ဟု   ဗြိတိန်အစိုးရက  ပြောသည်။ အဆိုပါ အရေအတွက်မှာ ငါးနှစ် တာကာလအတွင်း    အများဆုံး အရေအတွက်လည်း   ဖြစ်သည်။
ဝန်ကြီးချုပ် ဆူနက်၏  အစိုးရ အဖွဲ့သည် ရဝမ်ဒါမှ  ရောက်ရှိလာ သူများကို      ပြည်နှင်ဒဏ်ပေး လိုသော်လည်း  ဥပဒေရေးရာအရ  စိန်ခေါ်မှုများနှင့်     ရင်ဆိုင်နေရ သည်။ 
အင်န်အိတ်ချ်ကေ