ယူဂန္ဓာနိုင်ငံသို့ ဝင်ရောက်လာသည့် ခရီးသွားများအတွက် ကိုဗစ်-၁၉ စစ်ဆေးထားသည့် လက်မှတ်များပြသမှုကို ဖြေလျှော့ပေး

 

ကမ်ပါလာ  မတ်  ၂၄


ယူဂန္ဓာနိုင်ငံ၌   ခရီးသည်များ   အင်တက်ဘီ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့     ရောက်ရှိချိန် တွင် ကိုဗစ်-၁၉ စစ်ဆေးထားသည့် လက်မှတ် များ ပြသရန်မလိုတော့ကြောင်း  ယူဂန္ဓာနိုင်ငံ၏     လေကြောင်းအာဏာပိုင်က ပြောကြားသည်။

 


အဆိုပါမူဝါဒသစ်မှာ  မတ်  ၇ ရက်မှစကာ  အသက်ဝင်ကြောင်း ယူဂန္ဓာမြို့ပြလေကြောင်း အာဏာပိုင်အဖွဲ့မှ   ပြောရေးဆိုခွင့်ရှိသူ ဗီယန်နီ လာ့ဂါယာက  မတ်   ၂၃ ရက်က      ထုတ်ပြန်ချက် တွင် ပြောကြားသည်။

 


ရောက်ရှိလာသည့် ခရီးသည်များအတွက် ကိုဗစ်-၁၉   လက်မှတ်များ    လိုအပ်ချက်ကို ဖြေလျှော့ပေးကြောင်း အင်တက်ဘီအပြည်ပြည် ဆိုင်ရာလေဆိပ်မှ ခရီးသည်များကို       သတိပေး ထားကြောင်း လာ့ဂါယာက ပြောသည်။ 


ဆင်ဟွာ