
တီဟီရန် မတ် ၁၇
အီရန်တောင်ပိုင်း ရေပိုင်နက်တွင် ယူအေအီးနိုင်ငံပိုင် ကုန်တင်သင်္ဘောပျက်မှ အမှုထမ်း ၃၀ ဦးအနက် ၂၉ ဦးကို ကယ်တင်နိုင်ခဲ့ကြောင်း အီရန်အာဏာ ပိုင်တစ်ဦးက မတ် ၁၇ ရက်က ပြောကြားလိုက် သည်။
အသက်ကယ် လှေနှစ်စင်းသည် မတော်တဆ ဖြစ်ပွားရာဒေသတွင် နောက်ဆုံး သင်္ဘောသားကို ကယ်ဆယ်နိုင်ရန် ကြိုးစားဆောင်ရွက်လျက်ရှိ ကြောင်း အီရန်ဘုရှ်ရှာပြည်နယ် အရေးပေါ်စီမံခန့်ခွဲမှု ညွှန်ကြားရေးမှူးချုပ် ဂျာဟန်ဂါ ဒါကာနီက ပြော ကြားလိုက်သည်။
ယူအေအီးနိုင်ငံပိုင် သင်္ဘော တစ်စင်းသည် အီရန်တောင်ပိုင်း ဆိပ်ကမ်းမြို့ဖြစ်သည့် အက်ဆာ လူယာ့မှ မိုင် ၃၀ (၄၈ ကီလိုမီတာ) အကွာတွင် သင်္ဘောသား ၃၀ ဦးနှင့်အတူ နစ်မြုပ်ခဲ့သည်။ ယာဉ် များကို သယ်ဆောင်လာသည့် ယူအေအီးနိုင်ငံပိုင် ကုန်တင်သင်္ဘောသည် ရာသီဥတုဆိုးရွားမှုကြောင့် တိမ်းမှောက်ခဲ့ခြင်းဖြစ်သည်။
ဆင်ဟွာ