ယူအေအီးခေါင်းဆောင်များနှင့် ဆီးရီးယားသမ္မတတို့ ပူးပေါင်းဆောင်ရွက်ရေးဆွေးနွေး

 

ဒူဘိုင်း  မတ်   ၂၀
ယူအေအီးနိုင်ငံမှ ခေါင်းဆောင်များသည်  ယူအေအီး နိုင်ငံသို့ အလည်အပတ်ရောက်ရှိနေသည့်  ဆီးရီးယား သမ္မတ      ဘတ်ရှာ အယ် အာဆတ်နှင့်     မြို့တော် အဘူဒါဘီတွင်   မတ် ၁၈ ရက်က  တွေ့ဆုံခဲ့ကြပြီး  နှစ်ဦးနှစ်ဖက်     အကျိုးစီးပွားအတွက်    ပူးပေါင်း ဆောင်ရွက်မှုများကို ဆွေးနွေးခဲ့ကြသည်။    
ထိုသို့ တွေ့ဆုံစဉ်အတွင်း ယူအေအီး အိမ်ရှေ့ မင်းသား မိုဟာမက် ဘင် ဇေယက် အယ် နာ့ဟီယန်က ဆီးရီးယားနိုင်ငံသည် အာရပ်တို့လုံခြုံရေးအတွက် အခြေခံကျသည့်     ထောက်တိုင်တစ်ခုဖြစ်ကြောင်းနှင့် ယူအေအီးနိုင်ငံသည်  ဆီးရီးယားနိုင်ငံသားများ၏ တည်ငြိမ်ရေးနှင့်     ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ခိုင်မာသည့် ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်သွားရန်  စိတ်အားထက်သန်လျက်ရှိကြောင်း   ပြောသည်။  ဆီးရီးယားနိုင်ငံ၏   နယ်မြေစိုးမိုးရေးကို  ထိန်းသိမ်း စောင့်ရှောက်ရန်နှင့် ဆီးရီးယားနိုင်ငံမှ နိုင်ငံခြားတပ် များ ထွက်ခွာသွားစေရေးတို့အတွက်  နှစ်ဖက်စလုံးမှ အလေးအနက်ထား ဆွေးနွေးခဲ့ကြသည်။ 
ဆီးရီးယားသမ္မတ အာဆတ်သည် ယူအေအီး ဒုတိယသမ္မတ၊   ဝန်ကြီးချုပ်နှင့်  ဒူဘိုင်းအုပ်ချုပ်သူ ရှိတ်ခ် မိုဟာမက် ဘင်ရာရှစ် အယ် မက်တွန်နှင့် မတ် ၁၈ ရက် အစောပိုင်းက တွေ့ဆုံခဲ့ကြသည်။ ယူအေအီး နိုင်ငံသည် ဆီးရီးယားနိုင်ငံတွင် ၂၀၁၈ ခုနှစ် ၌ ၎င်းတို့ ၏ သံရုံးကို ဖွင့်လှစ်ခဲ့သည်။   ၂၀၂၁ ခုနှစ်  နိုဝင်ဘာ ၉ ရက်တွင် ယူအေအီးနိုင်ငံခြားရေးဝန်ကြီး ရှိတ်ချ် အဗ္ဗဒူလာ ဘင် ဇေယက် အယ် နာယန်သည် ဆီးရီး ယားနိုင်ငံသို့ သွားရောက်ခဲ့သည်။                ဆင်ဟွာ